ခေါင်စိုသမိုင်း ကို အကျဉ်းမျှမိတ်ဆက်ဖော်ပြခြင်း
ပေါက်ဖွါးဆင်းသက်လာခြင်း
ခေါင်စိုလူမျိုးတို့သည် မွန်ဂိုလ်[mongoLoid] အနွယ်မှဆင်းသက်ပါက်ဖွါးလာသည့် တိဗက် -မြန်မာအုပ်စုဝင်ဖြစ်ပြီးတောင်ပိုင်း ချင်းလူမျိုးနွယ်စုတွင်ပါဝင်သည်။
ပြည်ထောင်စုမြန်မာနိင်ငံတော်ရှိချင်းလူမျိုးနွယ်စု ၅၃ မျိုးအနက်မှ မျိုးနွယ်စုတစ်စုအပါဝင်ဖြစ်သည်။
ခေါင်စိုတို့၏ပင်ရင်းဒေသ(ဇာတိ) မှာတီဗင်ပြည်တိဗက်ကုန်းမြင့်ဒေသဖြစ်သည်ဟုယနေ့တိုင် ခေါင်စိုတို့၏ ဆိုရိုးစဉ်လာစကားရှိခဲ့သည်။ဖော်ပြပါပြည်တွင်နေထိုင်စဉ် ရေမင်းလွှမ်းမိုး tui sakhring ၍ ပြေးလွှားရာမှ mantungtampe ခေါ် ကျောက်ဖျာဂူသို့ခိုလှုံခဲ့ကြသည်ဟုဆိုသည်။
ခေါင်စိုတို့သည် ချင်းမျိုးနွယ်စုများနှင့်အတူ ဆင်းသက်လာရာမှ လွန်ခဲ့သာနှစ်ပေါင်း၂၀၀ တွင် ယနေ့ နေထိုင်ရာ
ဒေသ ဖြစ်သည့်ပလက်ဝ၊ဆမီးဒေသ၊ကီမိုတောင်(ကျောက်ပန်းတောင်) တောင်ပတ်လည် ခြေရင်း၊ဆမီးမြို့နှင့် အထက်ပိုင်းမီးချာင်း၊ ဆမီးချောင်းတလျောက်တွင်အများစု ရောက်ရှိနေထိုင်ကြပြီး မတူပီ
မြို့နယ်၏အနောက်ဘက် တောင်တန်းများတွင်လည်း
အဆန် ဟူ၍လည်းကောင်း၊ခဲန်လတ်ဟူ၍
လည်းကောင်း၊ခုန်စားဟူ၍လည်းကောင်း
အမည်ခံ၍နေထိုင်ကြလေသည်။ [ဇလပ်နွယ်]
Comments
Post a Comment