ခေါင်စိုမျိုးနွယ်စုတွင် ခူမီး၊အနူး လူမျိုးများနှင့်ရောနှောနေထိုင်ခဲ့ကြသော မျိုးနွယ်စုဆယ်ခုမျှရှိသည်။
ခေါင်စိုမျိုးနွယ်စုစုပေါင်း( more than 30 clans or subgroups in Khongso tribe ) ၃၀ကျော်ရှိသည်။
ဤခေါင်စိုမျိုးနွယ်စု တို့သည် ပြောဆိုသည့်ဘာသာစကားကိုလိုက်၍ အုပ်စု နှစ်ခု ကွဲကြသည်။
အုပ်စု(၁) အနူး-ခေါင်စိုဘာသာစကားပြော ခေါင်စို
Anu-Khongso language group
အနူးလူမျိုးနွယ်စု( 4 clans in Anu tribe) ၄ခုဖြစ်သည့် hkom,hkong, som, klar ထဲမှ hkong သည်
နောင်အခါ Hkongso ဖြစ်လာပြီး၎င်းတွင်
Family groups ဖသားစု (၇)ခုရှိသည်။၎င်းတို့မှာ- htekly,htetak,kamu,kwa,ngan,ngai,kabu,rahnag တို့ဖြစ်ကြသည်။
ဤ (၇ )ခုသောHkong မျိုးနွယ်၏ ဘာသာ စကားကို
အနူး-ခေါင်စို(Anu-Khongso language)စကားဟု
ခေါ်ပြီး မရူစာ (mruic branch of sino- tibetan
language)စကားအုပ်စုတွင် ထည့်သွင်းထားသည်။
ဤ Hkong မျိုးနွယ်စုတို့သည် မိမိတို့ကိုယ်ကို Hkongmi ဟုဆိုကြပြီးပြောဆိုသောဘာသာစကားကို
Hkong (ခေါင်)စကားဟုဆိုကြသည်။
၎င်းတို့၏ Hkong ဘာသာစကားသည် အနူးစကားနှင့်တူညီမှု၉၈ရာခိုင်နှုန်းရှိပြီးခေါင်စိုစကားအဖြစ်သုတေသနပြုစာအုပ်များကမှတ်တမ်းတင်ထားသည်။
၂၀၂၂ခုနှစ်တွင် ဓမ္မသစ်ကျမ်းစာ New Testament NTကိုလက်ဝယ်ပိုင်ဆိုင်ကြပြီးဖြစ်သည်။
အုပ်စု(၂) အဆန်ခေါင်စိုစကားပြောခေါင်စို
Asang Khongso language group
ဤအုပ်စုသည် မျိုးနွယ်စု၂၀ ကျော် (more than 20 clans or subgroups in Asang Khongso) ရှိသည့်ခေါင်စိုမျိူးနွယ်များ အစုဖြစ်သည်။ ဤမျိုးနွယ်များထဲတွင် မိမိတို့ကိုယ်ကို အဆန်ခေါင်စို၊ ခေါင်စာဆန်တာ၊
ဟု ခံယူကြသည့်အဖွဲ့အစုရှိသည်။ ခုန်စာ၊ခဲန်လတ် ဟုဆိုကြသည့် အစုလည်းရှိသည်။
ဤ ခေါင်စိုမျိုးနွယ်စုတို့၏ ဘာသာစကားသည်
ခူမီး၊မတူတအွာစကား၏ကွင်းဆက်ဘာသာစကားဖြစ်သည်။EasternKumi dialect ဖြစ်သည်ဟုလည်း
မှတ်တမ်းတင်ကြသည်။ခူမီးစကားနှင့်တူညီမှုရာခိုင်နှုန်း၆၈ ရှိသည်။
၂၀၁၉ခုနှစ်တွင်သမ္မာကျမ်းစာ ၂၀၂၂ခုနှစ်တွင် ဓမ္မသစ်ကျမ်း NT[New Testament]]ထုတ်ဝေပြီးစီးထားကြသည်။

ခုလိုသမိုင်းပြုစုပေးတဲ ရှေးဘိုးဘေးများကို ကျေးဇူးအများကြီးတင်ပါတယ်❤️❤️
ReplyDelete