ခေါင်စို၊အဆန် ခေါင်စိုနားလည်မှုစာချွန်လွှာစချုပ် ချုပ်ဆိုခြင်း [Khongso , Asang-Khongso Agreement -KAKA]
ခေါင်စိုလူမျိုးနွယ်စုအချင်းချင်း တို့သည် ဆယ်စုနှစ်တစ်ခုကြာ ပဠိပက္ခဖြစ်ကြရာမှ ခရစ်နှစ်၂၀၁၄ခုနှစ်၊ဧပြီလတွင် ချင်းပြည်နယ် ၊ပလက်ဝမြို့၌ ပြည်ထောင်စုသမ္မတ၊မြန်မာနိုင်ငံတော်အစိုးရရှေ့မှောက်၊ခူမီးအမျိုးသားပညာရှင်များသက်သေထား၍ နှစ်ဦးနှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။
စာချုပ်ပါအဓိကအချက်မှာ -
လူမျိုးခံယူပိုင်ခွင့်နှင့်ပတ်သက်၍-
နှစ်ဦးနှစ်ဖက်တို့သည် ခေါင်စိုလူမျိုးများဖြစ်ကြသည်။
ဘာသာစကားနှင့်ပတ်သက်လျှင်-
၁။ ခေါင်စိုလူမျိုးကိုယ်စားပြု-အဆန်(ခေါင်စို) စကား
၂။ခေါင်စိုလူမျိုးကိုယ်စားပြု- ခေါင်စို စကား ဟူ၍
လူမျိုးကိုယ်စားပြုစာပေဘာသာစကား(၂)မျိုးကိုသဘောတူလက်ခံခဲ့ကြခြင်းဖြစ်သည်။
Comments
Post a Comment