ခေါင်စို၊အဆန်ခေါင်စို သည်ရှေးပုံရိပ်ကိုထင်ဟပ်ခြင်း Khongso, Asang-khongso; Antique Imagery


စာချုပ်ပါရလဒ်သည် ရှေးယခင် ဘိုးဘွားများ၏ဖြစ်တည်မှုကိုထင်ဟပ်စေသည်ဟုဆိုရမည်ဖြစ်သည်။

ခေါင်စိုလူမျိုးနွယ်စုတို့သည် အခြားသူများနေထိုင်ခဲ့ပြီးသောနေရာများတွင်ပြောင်းရွေ့နေထိုင်ကြရင်းအခြားလူမျိုးများနှင့်ရောနှောခဲ့ကြသည်။ထိုသို့ရောနှောနေထိုင်ကြရင်းအချင်းချင်းတို့သည် နေရာဒေသကွဲသွားကြသည်။
နေထိုင်ရာဒေသကိုလိုက်၍ဖသားစုရင်းချာမှပေါက်ဖွါးလာသောမျိုးနွယ်မိသားစုတစ်စုအတွင်းထဲ၌ပင်
ဖော်ပြပါ ဘာသာစကားနှစ်ခုကိုပြောဆိုကြသည့် ကွဲပြားမှုကို‌တွေ့ရှိရသည်။
ဤသို့သောဘာသာစကားကွဲပြား‌ ပြောဆိုမှုကိုလက်ရှိ
နေထိုင်ရာဒေသဖြစ်သည့် ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၏အရှေ့မြောက်ဘက်ဆမီးမြို့၏အထက်၊
မီးချောင်းတလျှောက်ရှိ ကျေးရွာများတွင်လည်းမြင်တွေ့ရသည်။ 






Comments