ခေါင်စို၊အဆန်ခေါင်စို ပဠိပက္ခ[Khongso, Asang-khongso Conflict]

 ခေါင်စို၊အဆန်ခေါင်စို ပဠိပက္ခ

[Khongso, Asang Khongso Conflict]


         Khongso youth [Asang -Khongso] with 

                Traditional khongso attire



၂၀၁၄ ခုနှစ် ၊နှစ်ဦးနှစ်ဖက်နားလည်မှုစာချွန်လွှာလက်မှတ်မရေးထိုးမီ ဆယ်စုနှစ် တစ်ခုကြာအမျိုးသားစိတ်ဓါတ်ခံယူချက်များကြောင့် ပဠိပက္ခ
ပြင်းထန်လာခဲ့ကြသည်။
ခေါင်စိုဟူသောလူမျိုးအမည်ကို ကိုယ်စားပြုလိုသည့်စိတ်ဓါတ်မှာလူတိုင်းတွင်ကိန်းအောင်းတည်ရှိလာသည်။
မိမိပြောဆိုသောဘာသာစကားကိုသာ မိခင်ခေါင်စို စကားဟုဆိုကြသည်။
သမိုင်းစာမျက်နှာများတွင်ရေးသားဖော်ပြသည့် တိုင်းရင်းသားလူမျိုးစဉ်နံပါတ်ဝင် လူမျိုးဖြစ်ချင်ကြသည်။
အမျိုးသားရေးလက္ခဏာများအပြိုင်အဆိုင်ဖော်ထုတ်လိုကြသည်။
စာပေဖြစ်ထွန်းရေးကိုအမျိုးသားရေး၏ ပထမဟု ခံယူကြသည်။
ဤသို့ဖြင့်၂၁ရာစုအဦး ပထမဆယ်စုနှစ်သည်
ခေါင်စိုမျိုးနွယ်စုတို့၏ အမျိုးသားရေးပဋိပက္ခ
ကာလဖြစ်ခဲ့သည်။
ခေါင်စိုတို့သည် အထူးသဖြင့် ဘာသာစကားနှင့်ပတ်သက်၍ အချင်းချင်းစိတ်ဝမ်းကွဲပြားကြကာ
ထိုမှ အမျိုးသားရေးဆိုင်ရာခံယူချက် များဆန့်ကျင်
ကွဲပြားခဲ့ကြသည်။
ဤသို့ဖြင့် ခေါင်စိုလူမျိုး အချင်းချင်းကြား အကွဲ အလွဲ၊အလဲအပြောင်းကြုံလာရာမှခေါင်စိုလူမျိုးတစ်စုတွင်ပြောဆိုသည့်ဘာသာစကား( ၂)မျိုးရှိသဖြင့် လူစု(၂ )စု၊ခေါင်စို၊နှင့် အဆန်ခေါင်စို ဟူ၍ဖြစ်လာကြသည်။
ဤသို့ဖြစ်ရခြင်းမှာ အစိုးရနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ဘာသာရေးအသင်းအဖွဲ့များက လူနည်းစုများ၏ ရရှိပိုင်ခွင့်လူမှုရေးရအခွင့်အလမ်းများကိုအရေးပေးဆောင်ရွက်ပေးလာရာမှ အားနည်းချက်၏အကျိုးဆက်များဟု ဆိုနိင်ပါသည်။ 


  Khongso youth with  traditional ancient 

    Khongso attire and modern version  of 

          Khongso traditional clothing,  

 အောက်ပါလင့်များကိုလေ့လာသုံးသပ်ရန်။

 Khongso in Myanmar (Burma) profile. (2026). Joshua Project. Retrieved January 10, 2026, from https://joshuaproject.net/people_groups/print/10353/BM

Comments

  1. This comment has been removed by the author.

    ReplyDelete
  2. ဟုက်တယ်ထမင်းတစ်လုတ် ကြောင့်နဲ့ အချင်းချင်းသွေးကွဲနေတာ ရင်နာဖို့ကောင်းတယ်

    ReplyDelete

Post a Comment

Academic and respectful comments only. Inappropriate content will be removed.