ခေါင်စို၊ အဆန်ခေါင်စိုသည် လူမျိုးနှစ်ခုမဟုတ်[ They're One In Khongso]

 ပေါက်ဖွါးဆင်းသက်ရာ၊နေထိုင်ကျက်စားရာ၊ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ၊ဝတ်စားဆင်ယင်မှု၊သမိုင်းအကြောင်းအရာများ တူညီကြသည်။

မိမိတို့ကိုယ်ကိုအဆန်စာ၊ခေါင်စားစာဟူ၍လည်း
ကောင်း၊ခေါင်၊ခေါင်းမီးဟူ၍ လည်းကောင်းပြောဆိုကြသော်လည်း လူမျိုးနာမပညတ်ကိုမူ ခေါင်စို
ဟု ခံယူကြကြောင်းတွေ့ရသည်။
ဥပမာ-
၁၉၀၀ခုနှစ်ဝန်းကျင် ပလက်ဝမြို့၏အရှေ့ဘက်ဆမီးမြို့၏အနောက်ဘက် ပလက်ဝဆမီးနယ်နမိတ်၊ကီမိုတောင်ခြေရင်းနေရာဒေသဖြစ်သည့်လာမွေတောင်ရွာ၊ရပ်ဒိန်းရွာ၊ရွှေချောင်း၊လိပ်ချောင်း၊နှာပဒါချောင်းများတွင် ခေါင်စိုတို့နေထိုင်ခဲ့ကြသည်။ လာမွေတောင်ရွာသည်ခေါင်စိုရွာကြီးဖြစ်ခဲ့ဖူး(ခေါင်စိုအမျိုးသားဦးလာဟော်ရွာဟုလည်း ထင်ရှား)ပြီး၁၉၆၀ခုနှစ်တွင် ခေါင်စိုရိုးရာအဝတ်အထည်များကို အဆန်စကားပြောခေါင်စိုများအားဖြင့် သမိုင်းမှတ်တမ်းတင်ထားသည်။ ယခုအခါလာမွေတောင်ရွာသည် ရွာပျက်ဖြစ်(ခေါင်စိုအမျိုးသား ဦးလာ

ဟော်ရွာဟုလည်းထင်ရှား)ပြီး၎င်းကျေးရွာမှခေါင်စိုတို့

သည် မီးချောင်းထဲရှိ ဆွေမျိုးများနှင့်အတူအခြေချနေထိုင်ကြသည်။တချို့မှာပလက်ဝမြို့၊စိမ်းစမ်းရွာ၊ရပ်ဒိန်ရွာတို့တွင်ပြောင်းရွှေ့နေထိုင်ကြသည်။

တဖန် ၁၉၈၀ပြည့်နှစ်၊ ချင်းပြည်ဒေသပါတီဥက္ကဌနှင့်အဖွဲ့တို့ ကီမိုတောင်အရေး(ပလက်ဝ - ဆမီး ကြားရှိ ကီမိုတောင်ကို သူပိုင်ငါပိုင် ပဋိပက္ခဖြစ်သည့်ကိစ္စ)နှင့်ပတ်သက်၍ ရောက်ရှိလာကြရာ ဒေသခံခေါင်စိုတို့က ကီမိုတောင်ထိပ်‌၊ရေအေးစခန်းအထိကြိုဆို ပို့ဆောင်ပေးခဲ့ကြပြီး အဆန်ခေါင်စိုရိုးရာသီချင်း၊ရိုးရာအကပဒေသာဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြသည်။

                  ကီမိုတောင်ထိပ် ရေ‌‌အးစခန်း     

သို့ဖြစ်၍ အဆန်စကားပြောသောအုပ်စုတို့သည်မိမိကိုယ်ကို အဆန်လူမျိုးဟူ၍မဆို ခေါင်စိုလူမျိုးဟုသာ ခံယူ ပြောဆိုကြကြောင်းတွေ့ရသည်။သို့ဖြစ်လျှင်

အဆန် ဟူသောအမည်နာမကို ခံယူသည့်အဓိပ္ပာယ်
တွင် အဆန်ဟူသည်အမြင့်ပိုင်း၊တောင်တန်း‌၊ကုန်းမြင့်ပိုင်းဟူ၍ ဖြစ်ရာ အထက်အမြင့်မှ(အောက်အရပ်မှမဟုတ် ချင်းတောင်တန်းမှ) ဆင်းသက်လာသည့် ခေါင်စိုလူမျိုး ဟုဂုဏ်ယူဝင့်ကြွားသည့်အငွေ့အသက်ကို ဖော်ပြ ပေါ်လွင်စေလို‌သောအနှစ်သာရများပါဝင်နေသည်။
‌တဖန် အနူးသမိုင်းအလိုအရ ခေါင်စိုသည် မိမိတို့အနူးအနွယ်ထဲမှ ခေါင်[hkong]ကိုရည်ညွှန်းသည်။ ခေါင်မှ
ခေါင်စိုဖြစ်လာခြင်းနှင့်စပ်လျှဥ်း၍မူကားအနူးသမိုင်း
၌သက်သေအထောက်အထား ပြစရာမရှိသော်လည်း
ခေါင်စိုသည် မိမိတို့ အနူးမျိုးနွယ်သာဖြစ်သည်ဟုဆိုသည်။

 ဆိုလိုသည်မှာ ခေါင်စိုသည်သီးသန့်လူမျိုးမဟုတ်ကြောင်း၊ မိမိတို့အနူးမျိုးနွယ်မှဆင်းသက်ကြောင်း၊မိမိတို့ကခေါင်ဟု သာခေါ်သည်ဖြစ်ကြောင်းဆိုလိုရင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ Hkong, Hkong mi အုပ်စုတို့သည် KHONGSO ခေါင်စိုများပင်ဖြစ်လာကြသည်။













Comments