လူသားမျိုးနွယ်ဖြစ်တည်ခြင်းပုံပြင်
The story of the origin of human race
ကမ္ဘာအစပထမကာလအခါ၌ ဘုရားသခင်သည် လူသား ကုဒီနှင့်ကုယမ်းဟူသောလူမောင်နှမကို ဖန်ဆင်းလေ၏။ တနေ့သောအခါတွင် လူသားမောင်နှမတို့သည် ရေငတ်ကြ၍ရေရှိရာကိုမှန်းဆရှာဖွေကြသည်။ ထိုစဉ်အခါ ချဉ့်ညိုTaungsut က ရေလိုချင်ရေသောက်ချင်သပါ့ဆိုလျှင် မိမိတို့၏လူ့ကိုယ်အင်္ဂါချင်းဖြင့်ဆက်ယှက်ဆက်ဆံကြရလမ့်မည်ဟု ပညတ်စည်းချလေသည်။ ရေထွက်ပေါက်ကိုလည်း ၎င်း၏လက်ဖဝါးဖြင့်ပိတ်ထားလိုက်၏။
ထိုအခါ လူ့သားမောင်နှမတို့သည် တောငှက်ပျောရွက်ဖြင့်ကာကွယ်၍ ဆက်ဆံကြဟန်ပြုကြသည်။ထိုသို့ပြုကြသော်လည်း မိုးကောင်းကင်နှင့်မြေ ကြီး
မတုန်လှုပ်ဟု ချဉ့်ညိုကဆိုကာသူတို့၏ဟန်ဆောင်အပြုအမူအားလက်မခံ။
ထိုအခါ လူသားမောင်နှမတို့သည် ရေငတ်မွတ်သည့်ဒုက္ခဆင်းရဲကို သည်းခံနိုင်စွမ်းမရှိကြတော့သဖြင့် samphetdawkdek ခေါ်သည့် အဆင်ချောဖက်ကိုဆင်၊မျက်စိမျက်လုံးများပိတ်ပင်လျက်ဆက်ဆံကြလေ၏။ဤတွင်ကောင်းကင်မြေထုတုန်လှုပ်ကာ ချဉ့်ညိုက ရေထွက်ပေါက်ကိုဖွင့်ပေးသဖြင့်လူသားမောင်
နှမတို့ ရေငတ်အသာဖြေပျောက်ကြရလေသည်။
လူသားမောင်နှမတဖြစ်လဲလူသားဇနီးမောင်နှံတို့သည် ဝါးကျည်ထောက်ဖြင့်ရေကိုခပ်ယူ၍မြေကမ္ဘာပေါ်လောင်းချလိုက်ကြရာ ချောင်းငယ်မြစ်ငယ်မှသည်ပင်လယ်သမုဒ္ဒရာအထိရေသည်ဖုံးလွှမ်းလေတော့၏။လူသားမျိုးနွယ်သည်လည်းထိုလူသားနှစ်ဦးမှစတင်ပွါးများလျက်မြေကြီးအားပြည့်စေလေတော့သတည်း။
Comments
Post a Comment