Specifications of factors that the government should provide support ခေါင်စို တိုင်းရင်းသားအတွက် နိုင်ငံ့အစိုးရမှဖြည့်ဆည်းကူညီရန်လိုအပ်ချက်များ။
Specifications of factors that the government should provide support
ခေါင်စို တိုင်းရင်းသားအတွက်
နိုင်ငံ့အစိုးရမှဖြည့်ဆည်းကူညီရန်လိုအပ်ချက်များ။
ခေါင်စိုတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံ၏
အနောက်ဘက်ခြမ်းရှိ တောတောင်ထူထပ်ပြီး
လမ်းပမ်းဆက်သွယ်ရေးခက်ခဲကြမ်းတမ်းသောဒေသတွင်နေထိုင်သောဆင်းရဲသည့် လူမျိုးနွယ်စုဖြစ်သည်။တတ်သိပညာ အားနည်းပြီးဖွံ့ဖြိုးမှုလုံးဝမရှိနောက်ကျကျန်ခဲ့သောလူမျိုးဖြစ်သည်။
သို့ဖြစ်၍-သက်ဆိုင်ရာအစိုးရဌာနများအနေဖြင့်အောက်ဖော်ပြပါအချက်များကိုဖြည့်ဆည်းသင့်သည်။
လမ်းတံတားများဖောက်လုပ်ခြင်း၊သဘာဝအလှတရားများကိုအခြေခံ၍ ကမ္ဘာလှည့်ခရီးသည်များလည်ပတ်နိင်မည့်အပန်းဖြေစခန်းများသတ်မှတ်ခြင်းဖန်တီးပေးခြင်းပြုလုပ်ရန်။
(ဥပမာ-၊ကီမိုတောင်သဘာဝဥယျာဉ်အားအဆင့်မြှင့်တင်ခြင်းဖြင့်ဒေသခံခေါင်စိုများ အလုပ်အကိုင်အခွင့်အလမ်းရရှိနိင်မည်)
ဒေသထွက်ကုန်များနှင့်ဆက်နွယ်သည့်အလုပ်ရုံ၊စက်ရုံများဆောက်ပေးရန်။ဥပမာ-သစ်ဝါးပေါများသဖြင့်သစ်ခွဲရုံ၊စက္ကူစက်ရုံ၊သရက်သီး၊နာနတ်သီး၊များလှိုင်လှိုင်ပေါကြွယ်သဖြင့် ဆိုင်ရာစက်ရုံအလုပ်ရုံဆောက်လုပ်ပေးခြင်း)
ဒေသထွက်သီးနှံများရောင်းဝယ်ဖေါက်ကားပြုလုပ်နိုင်မည့်ဈေးကွက်ဖန်တီးခြင်း၊ ရာသီဥတုမြေဆီလွှာနှင့်ကိုက်ညီဖြစ်ထွန်းမည့်သီးနှံများစိုက်ပျိုးစေခြင်းစသည့်စီးပွါးရေးအခွင့်အလမ်း များရှာဖွေပေးရန်။
ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကိုဖော်ထုတ်၍
မိမိဒေသတွင်းကျင့်သုံးနိုင်ရေးအားပေးလမ်ညွန်ရန်။
ခေါင်စိုလူမျိုးနွယ်စုအုပ်စုနှစ်ခုတို့၏ တိုင်းရင်းမိခင်ဘာသာစကားများကို လေးစားတန်ဖိုးထားကာအသိမှတ်ပြုမြှင့်တင်ပေးရန်။
Comments
Post a Comment