တစ်ချို့သော ခေါင်စိုမျိုးနွယ်စုတို့သည် မိမိကိုကိုယ်ခေါင်စိုလူမျိုးဟု ဆိုသော်လည်း အဆန်ခေါင်စိုဟူသောဝေါဟာရကိုထည့်၍ပြောတတ်ကြသည်။
အမြင့်ပိုင်းအထက်ပိုင်းဟုဆိုလိုသည့် "အဆန် "ဟူသောစကားလုံးကို "ဂုဏ်"အဖြစ်သုံးရသည်ကိုနှစ်သက်ကြသည်။
၎င်းဝေါဟာရကိုအသုံးပြုခြင်းသည်ယနေ့လက်ရှိရောက်ရှိသည့်နေရာကိုမနှစ်မြုပ်ဟန် အလိုမကျဟန်သဘောသကန်သက်ရောက်သည်။
အမြင့်ပိုင်းအထက်ပိုင်းဟူသည် တောင်တန်းအထူးသဖြင့် ချင်းတာင်တန်းများ၏အမြင့်ပိုင်းနေရာရေမြေကိုညွန်းသည်။ ချင်းတောင်တန်းကြီးသည်ရှေးကာလမိမိတို့နေထိုင်ခဲ့ဖူးသည့်ဇာတိမြေ ဖြစ်ခြင်း၊ ထိုအရပ်တွင်သဘာဝတရား၏အထူးအေးချမ်းသာယာမှုတို့ခံစားရခြင်းတို့ကို တမ်းတလွမ်းမောကြသည့်အသုံးအနှုန်းဖြစ်သည်။ ယနေ့ခေါင်စိုအများစုနေထိုင်သည့် ပလက်ဝ၊ကီမိုတောင်ဝန်းကျင်ဖြစ်သောမီးချောင်း၊ဆမီးချောင်းတို့သည်မြောက်ဘက်ချင်းတောင်တန်းဒေသနှင့်နှိုင်းလျှင်အလွန်ပူပြင်းပေသည်။ရခိုင်ကမ်းမြောင်ဒေသနှင့်ပိုနီးစပ်သွားသည်ဟုဆိုနိုင်သော်လည်းကုန်းတွင်းပိုင်းတွင်ကျရောက်ပြန်သဖြင့်ပင်လယ်ရေ၏ပြုပြင်ခြင်းကိုမခံစားရသောကြောင့်အပူအအေးမျှတမှုမရှိသောဒေသဖြစ်သည်။ဤဒေသသို့ရောက်ရှိနေထိုင်ကြသောခေါင်စိုတို့သည် ရှေးယခင်ဘိုးဘွားများ နေထိုင်ကျင်လည်ခဲ့ဖူးသာသမိုင်း ခြေရာများကိုလွမ်းဆွတ်ကြခြင်းဖြစ်သည်။နက်ရှိုင်းမတ်စောက်သည့် ချင်း တောင်တန်းကြီးဇာတိဖြစ်ရခြင်း၏ "ဂုဏ် " တို့တွင် - တောင်ဇလပ်၊အောက်ချင်း၊စမ်းရေတွင်း၊လေညင်း တို့ပါဝင်သည်။ဤသည်တို့မှာနှုတ်ဖျားသီး ဂုဏ်မြောက်စကားများဟုထင်ရသည်။
![]() |
ဓါတ်ပုံရှင်အားကျေးဇူးတင်ပါသည် |
အထူးသဖြင့် ခေါင်ရည်မူး၍ စိတ်ရွှင်တိုင်း ထုတ်ဖော်ကြွားကြသည်။မိမိတို့ကိုယ်ကိုတောင်ဇလပ် အမျိုးအနွယ်ဟုခံယူကြသည်။
တောင်ဇလပ်မည်သည် -
ပုံပြင်ယဉ်ကျေးသည့်ပန်းဖြစ်သည်၊
တည်တံ့သည် ၊ ထည်ဝါသည်
အကြမ်းအရိုင်းများကြားသူမနွမ်းပေ
အခြားပန်းနှယ် အညှာမလွယ်
ဝတ်ရည်မခန်း အစဉ်လန်းဆတ်သည်။
တောင်ဇလပ်ပန်းသို့ အစဉ်ပျိုသည်ဟု ခေါင်စို အမျိုးသမီးများ၏ ဇာရာအိုသည့်တိုင် နုပျိုလန်းဆန်းတတ်ကြသည့်နေထိုင်မှုပုံစံကိုကဗျာလင်္ကာဖွဲ့ဆိုကြသည်။
ခေါင်စိုတို့သည်တောင်ဇလပ်ပန်းကိုချိုးယူခြင်းမပြုကြပေ။တောင်ဇလပ်ပန်းအမြတ်တနိုးဖြင့်ခူးယူသည့်"ပန်းတော်မြတ်တင်ပွဲ"ကိုကျင်းပကြသည်။တောင်ဇလပ်ပန်းကိုပင့်ဆောင်ယူလာလျှင်တစ်ရွာလုံးဆီးကြိုကြရသည်။ အပျိုစင်ကညာစင်ကသာချီပင့်ကိုင်မြောက် ခွင့်ရှိသည်။သုံးရက်မှ တပတ်ဆယ်ရက်ခန့်ပွဲလုပ်ပူဇော်တတ်ကြသည်တောင်ဇလပ်ပန်းဟူသည် မြေဆီမလို တိမ်ညွန့်တိမ်ဖူးကိုသာမှီဝဲစားသုံးသည့်ပန်းဖြစ်သည်။မိုးရည်မလို နှင်းစက်များ ကိုသာလိုသည်။လေပြေလေညင်းများကြား၌သာသူပျော်သည်။မိုးခက်ပါစေ၊လေပြေနှင်းစက်ရှိသည်။မြေစာမြေထု၊ အံတုခက်ခဲပါစေ၊ကျောက်သားထက်လည်း၊သူရှင်သန်ရဲသည်။ဝေနေသည်သာအစဉ် မိုးကောင်းကင်အကာဝယ်၊ ကြွေမယ်ဆိုလည်း၊ပင်ယံထက်ပဲ သူကြွေသည်။
အောက်ချင်း။
အောက်ချင်းငှက်ကိုဖမ်းခြင်းသတ်ခြင်းမလုပ်ကြပေ။လုပ်မိပြုမိက မိသားစုအငတ်ဘေးကြုံရကြာင်း၊သေခြင်းဆိုးဖြင့်သေတတ်ကြောင်းခံယူကြသည်။အောက်ချင်းငှက်မည်သည်မှာ-
သစ္စာတရား၏အရှင်
ရိုးသားဖြူစင်ခြင်း၏ပြယုဂ်
ချစ်ခြင်းတရား၏အမှတ်သညာ
သည်းခံပါရမီအရှင်သခင် စသည်ဖြင့်သတ်မှတ်ဂုဏ်ပြုကြသည်။
စမ်းရေတွင်း၊နှင့် လေညင်း။
ဖွေဆန်းတောင် lipringhill ရှိမှုတ် စမ်းရေတွင်းသည်
နာမည်ကြီးသည်။အဖုံးပါရှိသည့်စမ်းရေတွင်းဟုဆိုသည်။ဤကဲ့သို့သောစမ်းရေတွင်းမျိုးချင်းတာင်တန်းများ၏တောအုပ်များတွင်ရှိသည်။ အမှန်စင်စစ် စမ်းရေ နှင့်လေပြေလေညင်းတို့သည် တောင်တန်းသားများ၏အသက်ဖြစ်၏။ "တောင် ပေါ်တွင်ဘုရားသခင်ပြင် ဆင်မူသည်" ဟူသည့်ကျမ်းစကားအတိုင်း တောင်ပါ်တွင်အမှန်ပင် လုံလောက်သည်။
YouTube #https://youtube.com/@khongsoyouthtimektk?si=xuhvNEXRTTXy6pB4
Comments
Post a Comment