ရိုးရာပွဲတော်များ၊အခန်းအနားကြီးငယ်များတွင်တီးခတ်အသုံးပြုသောတူရိယာများမှာ -
၁/ဗုံ(satoeum)
ရိုးရာပွဲတိုင်းတွင်မပါမဖြစ်ပါရသည့် သစ်သား သို့မဟုတ်သစ်ခေါင်းကိုထွင်းပြီးသောအခါ သားရေ(သမင်ဒရယ်နွားသားရေ)ဖြင့်စည်း၍ပြုလုပ်သည့်နှစ်ဖက်တီးဗုံဖြစ်သည်။အကြီးအသေးအရွယ်မျိုးစုံရှိသည့် တီးခတ်တူရိယာဖြစ်သည်။
၂/လင်းကွင်း(sukcaeng)
ပွဲလမ်းသဘင်များတွင် ဗုံ၊မောင်း၊အခြားတူရိယာများနှင့်တွဲ၍ တီးခတ်ရသည့်တူရိယာဖြစ်သည်။
၃/ မောင်းကြီးမောင်းငယ်( mong/monglaeng)
နှစ်သစ်ကူးပွဲ၊အခြားပွဲတော်များနှင့်ခေါင်ရည်ပွဲ
တို့တွင်မောင်းကိုတီးခတ်ကြသည်။ မောင်းကြီးကိုသတိပေးခြင်း၊ဆော်ဩခြင်းစသည့်လူမှုဆက်သွယ်ရေးပစ္စည်းအဖြစ်အသုံးပြုကြသည်။
၄/ငြင်း ( tenpah)
ရိုးရာသီချင်းများကို လေမှုတ်တူရိယာဖြစ်သည့်ညင်းဖြင့်သီဆိုကြသည် ။ညင်းကို ရေဗူးသီးခြောက်နှင့်ဝါးလုံးတွဲဖက်၍ဖန်တီးသည်။သံစဉ်အနိမ့်အမြင့်အသံအမျိုးအစားသုံးမျိုးဖြင့်ဖွဲ့စည်းထားသည်။မောင်း၊ဗုံ၊ဟင်းယာ၊လင်းကွင်း၊တို့နှင့်တွဲဖက်၍သီချင်းသံပေါ်လွင်အောင်တီးမှုတ်( thangpa ueng) ရသည့်တူရိယာဖြစ်သည်။ဝါးခြမ်းစိတ်နှင့်သစ်ရွက်များဖြင့်လည်းဖန်တီးကြသည်။
၅/ဟင်းယာ( longpam)
ဒေသအခေါ်ဟင်းယာသည် ကြေးသားဗန်းအဝိုင်းခြမ်းထားသည့် အဖိုအမဟူ၍ခေါ်ရသောတူရိယာဖြစ်သည်။တုတ်တံကလေးဖြင့်စည်းချက်မှန်မှန်ညင်သာစွာတီးခတ်၍ရိုးရာပွဲတော်များတွင်မပါမဖြစ်သောတီးခတ်ရသည့်တူရိယာဖြစ်သည်။
၆/ ဝါးဂီတာ(qo tintoeng)
တစ်ကိုယ်တည်းသီဆိုရာတွင်သုံးသည့် ukulele အမျိုးအစားကြိုးတပ်တူရိယာဖြစ်သည်။ရင့်သည့်ဝါးလုံး၏အဆစ်နှစ်ခုကြားကိုကြိုးလေးပင်ထွင်း၍ဖန်တီးသည့်တူရိယာဖြစ်သည်။
၇/ဝါးပုလွေ( buelue)၊ သစ်ရွက်ပုလွေ( tinqoi)
အချစ်သီချင်း၊မေတ္တာဘွဲ့သီချင်း၊အလင်္ကာကဗျာများသီကျုးရွတ်ဆိုရာတွင်သုံးသည့်လေမှုတ်တူရိယာဖြစ်သည်။သစ်ရွက်ပုလွေကိုယာယီသုံးအဖြစ်သာဖန်တီးသည်။ပွဲလမ်းသဘင်များ၌အသုံးနည်းပြီးတောတောင်ရေမြေသဘာဝအလှအပအောက်ရောက်ရှိသောအခါလွမ်းချင်းညည်းချင်း၌သုံးသည်။
၈/ တံပိုး( mongka,dinghung,)
ကြေး၊ငွေသားတံပိုးမှာရှားပါးတန်ဖိုးကြီးသည်။ညာသံလှန့်သံနှင့်ပွဲဦးကြိုလေမှုတ်တူရိယာဖြစ်သည်။
ဝါးဖြင့်ဖန်တီးပြုလုပ်နိုင်သည်ဆိုသော်လည်းယာယီမျှသာဖြစ်သည်။
၉/ဦးချို(takii)
တောဆိတ် တောင်ဆိတ်ဦးချို၊နွားနောက်ဦးချိုများကိုလည်းရိုးရာပွဲတော်များတွင်တီးခတ်ကြသည်။
![]() |
ဓါတ်ပုံရှင်အားကျေးဇူးတင်ပါသည်။ |
Comments
Post a Comment