ရိုးရာအဝတ်အထည်များ

 

၅/ရိုးရာအဝတ်အထည်များ၊အသုံးအဆောင်ပစ္စည်းကိရိယာများ
၅.၁။ အမျိုးသားတို့၏အဆင်တန်ဆာများမှာ
၁./ပင်ရှည်ပုဆိုး ( Im ngawkkayii)
လင်ကွပ်တီနံငယ်ရှည်အပိုင်းဖြစ်သည်။နံငယ်ကိုပေါင်နှစ်ဘက်ကြားမှလျှို၍နံငယ်ချည်စကိုဒူးနားထိချကာခါး၌နှစ်ပတ်မျှတင်းတင်းပတ်စည်းကာကျန်အစွန်းကိုအနောက်ဘက်၌ချည်စချင်းထိုးကျစ်ဆွဲ‌စေ့ပြီးအစွန်းကိုတိတိရိရိ‌သေသေသပ်သပ်ချ၍ဝတ်ဆင်ရသည်။
၂/ ခေါင်းပေါင်း(maih Pala)
ခေါင်းပေါင်းမှာအဖြူနှင့်ပန်းရောင်ကိုအသုံးများသည်။ဆံရှည်ထားသည့်ဓလေ့ရှိသဖြင့်လူကြီးပိုင်းယောက်ျားတိုင်းခေါင်းပေါင်းပေါင်းကြသည်။ရှေးဟောင်းအဖိုးတန်ခေါင်းပေါင်း( lungpui)ဟူ၍
ခေါင်းပေါင်းနှစ်မျိုးရှိသေးသည်။
၂/ ခေါင်းဘီး(pathii)
ခေါင်းပေါင်းထက်အမြဲထိုးထည့်တတ်ကြသည်။သစ်သား၊ဝါးနှင့်ငွေ ခေါင်းဘီးဟူ၍ရှိသည်။
၃/ ဆံထိုး( samkaet)
ဆံထိုးကိုလည်းခေါင်းပေါင်းဆံထုံးတို၌တွေ့ရသည်။သစ်သား၊ဝါး၊ငွေနှင့်ကြေးတို့ဖြင့်ပြုလုပ်သည့်ဆံထိုးများကိုတွေ့ရသည်။
၄/ ဆံချည်ကြိုး(samkomqui)
ဆံထုံးကိုရစ်ပတ်ဖုံးအုပ်သည့်နှစ်လက်မခန့်ချပ်သည့်ကြိုးဖြစ်သည်။
၅/ ကျက်ခုပ်အကျီ (laihaw)
ထောင့်မှန်စတုဂံပုံပိတ်စကိုကိုယ်ခန္ဓာအရွယ်အစားအလိုက်ခေါက်၍ဦးခေါင်း နေရာဖြတ်‌ချုပ်ပြီး
လက်နှစ်ဖက်ထိုးထည့်ရန်ဘေးနှစ်ဖက်ချည်စကိုသင့်သလောက်ပိတ်ချုပ်ကာဝတ်ဆင်ရသည့်အင်္ကျီဖြစ်သည်။
၆/ ခြုံစောင်(kahni)
အင်္ကျီအစားခြုံစောင်ကိုဝတ်ဆင်တတ်ကြသည်။အမည်းရောင်အခြေခံပေါ်တွင်အစင်းအကွက်များထည့်ကာယက်သည့်ကျပ်ခုတ်အထည်(kahniipataik)
ဖြစ်သည်။ ရိုးရာပွဲလမ်းသဘင်များနှင့်ခရီးနယ်မြေများတွင်လည်းရုံ၍နေကြသည်။အခြားရိုးရာခြုံစောင်များ kahnii tahlawh,kahnii boisi)လည်းရှိ သေးသည်။
၇/ လေးမြှား( liva, lahtae,)
ဝါးပိုး၊ဝါးနက်သရကူကဲ့သို့သောဝါးများဖြင့်ပြုလုပ်ထားသည်။ မြှား‌နေရာတွင်နှင့်ကျောက်ခဲကိုလည်းသုံးကြသည်။
၈/ သေနတ်( hmaiphaw)
လက်လုပ်တောက်ပီသေနပ်ဟုခေါ်ကြသည်။
၉/ ဓါး၊လှံ၊တောင်ဝှေ့( haikaek, tazae,sawnget,)
ဓါးတိုဓါးရှည်၊အမြဲဆောင်ကြသည်။စစ်သုံးဓါးသည်လည်းအမျိုးသားတို့၏အဆင်တန်ဆာဖြစ်သည်။ဒိုင်းကာလည်းရှိသေးရာ၎င်းကိုပွဲလမ်းသဘင်များတွင်ထုတ်သုံးကြသည်။
လှံကိုခရီးသွားရာတွင် တောင်ဝှေ့အဖြစ် ဆောင်ကြသည်။
ပွဲတက်ဝတ်စုံဖြင့်အမျိုးသား၏ပုံ။
ခေါင်စိုအမျိုးသားတစ်ဦးရိုးရာပွဲ‌တက်ရောက်မည်ဆိုလျှင်အောက်အတိုင်းဝတ်းစားဆင်ယင်ထားရသည်။
အနံတစ်တောင်၊အလျားရှစ်တောင်ရှိသည့်ချည်ဖြင့်ယက်လုပ်ထားသောပင်ရှည်ပူဆိုး(နံငယ်)ကိုပေါင်နှစ်ဖက်ကြားလျှို၍ခါးတွင်ရစ်ပတ်ကာ အရှေ့ဖက်တစ်တောင်ခန့်၊အနောက်ဖက်တစ်တောင်ခန့်ထုတ်၍ဝတ်ဆင်ကြသည်။သျှောင်ထုံးကိုထုံး၍ဆံထိုး ထိုးကာဦးခေါင်းကိုသုံးတောင်ခန့်ရှည်သောခေါင်းပေါင်းဖြင့်ရစ်ပတ်ပြီး ညာဖက်နားထင်နှင့်ကပ်လျက်ငါးလက်မခန့်ချည်စကိုချ၍ပေါင်းထားသည်။
နားနှစ်ဖက်တွင် ကြေးဝါ၊ငွေ၊ရွှေ(တစ်ခုခု) နားဒေါင်းနှစ်ကွင်းဝတ်ဆင်ထားသည်။ဤမျှထိဝတ်ဆင်မှုကိုနေ့စဉ်ဘဝ၏သမာရိုးကျဝတ်စားဆင်ယင်မှုတွင်တွေ့ရသည်။ရိုးရာပွဲတက်သူသည် အောက်ပါဆင်ယင်ထုံးဖွဲ့မှုကိုပြင်ဆင်ရ‌သေးသည်။ ရိုးရာခြုံစောင်၊(kahni cawnna /or/ kahni bui si ,) သို့မဟုတ်လျှင်တန်ဖိုးကြီးခြုံစောင်(kahni salungpueng)ကိုညာဖက်ပုခုံးထက်မှစလွယ်သိုင်းဝတ်ဆင်ထားသည်။ ဦးခေါင်းထိပ်တွင်ငှက်တော်အမြီးအမွှေး (၃၀)ပင်စိုက်ထို့းထားသည်။ကျောက်တပ်သေနတ်(luntok Mai phaw/musket)ကိုပုခုံးပေါ်တင်လျက်ကခုန်သညါ။


AIကိုပုံဖော်ခိုင်း။


Comments