ခေါင်စိုအမျိုးသမီး၏ပွဲတက်ဝတ်စုံ။
ရိုးရာထဘီ။
ချည်သားအမည်းထည်အခြေခံ၏အလယ်အလျားလိုက် ဆယ်လက်မခန့်အကျယ်တွင်အဖြူအနီအဝါအစိမ်းအစင်းကြောင်းများအကွက်များစီခြယ်ထည့်သွင်းပြီးယက်လုပ်ထားသည့်ရိုးရာထဘီသည်ထူးခြားသောခေါင်စိုအမျိုးသမီးရိုးရာအထည်ဖြစ်သည်။ဤထဘီသည်ဒူးဆစ်ခန့်သာရှည်သည့်နံငယ်အပိုင်း၊အခြမ်းဖြစ်သည်။ဤထဘီကို(raihsahnak)
ရိုးရိုးယက်ထဘီဟုခေါ်သည်။ထဘီ၏အပေါ်အောက်အစွန်းများတွင်လေးလက်မခန့်ပတ်လည်ကိုပုတီးအဖြူလေးများစီရီယက်လုပ်ထားလျှင်(raihpaqoosahnak)ပုတီးစီချယ်
ပွဲတက်ထဘီဟုခေါ်သည်။
ခါးစည်း၊ခါးပတ်။
ရိုးရာပွဲတက်မည့်အပျိုသည် ပွဲတက်ထဘီကိုဒူးဆစ်ထိချ၍ငွေဒင်္ဂါးခါးပတ်ဖြင့်ရစ်ပတ်ဝတ်ဆင်သည်။
အပေါ်ရုံ၊အင်္ကျီ။
ထဘီနှင့်အကွက်အစင်းတူသောရင်ကပ်နံငယ်ကိုရင်သားဖုံးဖိရုံစလွယ်သိုင်း၍ဝတ်ဆင်သည်။ဝတ်ဆင်ပုံမှာညာဘက်ပုခုံးထက်၏ချည်စနှင့်ဘယ်ဘက်ချိုင့်အောက်မှချည်စကိုညာဘက်ရင်သားအထက်နားတွင်ဆွဲစေ့ချည်နှောင်ရသည်။
လက်ဝတ်၊လက်ကောက်။
လက်ကောက်သည်ငွေဒင်္ဂါးကိုထွင်းထုသည့်လက်ဝတ်တန်ဆာဖြစ်ပြီးလက်နှစ်ဖက်၌အစီအရီဝတ်ထားသည်။လက်မောင်းတွင်ခဲမဖြူကွင်းကြီး(tamqaa)ကိုဘယ်ညာဝတ်ဆင်ထားသည် ။
ခေါင်းစည်း၊ခေါင်းပတ်၊ဆံထိုး။
သျှောင်ထုံးကိုနောက်ဘက်၌ထုံးပြီးဆံထိုးထိုးထားသည်။ခေါင်းကိုပန်းရောင်ခေါင်းစည်းဖြင့်ပတ်စည်းထားသည်။ခေါင်းစည်းအစွန်းသုံးလက်မခန့်ဘယ်ညာထုတ်ရသည်။
လည်ဆွဲကြိုး။
လည်ဆွဲသည်ပုတီးလုံးသို့မဟုတ်ငွေဒင်္ဂါးများစီရီထားပြီးချက်ထိပ်ထိဆွဲချဝတ်ဆင်ရသည့်လည်ဆွဲကြိုး(paqoo nam/tanka leng)ဖြစ်သည်။
နားဒေါင်း။
နားနှစ်ဖက်တွင်တစ်လက်မကျယ်ဝါးလုံးငယ်အပိုင်းသို့မဟုတ် ငွေသားခေါင်းပွနားဒေါင်းကိုဝတ်ဆင်ကြသည်။
ဤသို့ ဆင်ယင်အလှဆင်ပြီးလျှင်အမျိုးသားနှစ်ဦး၏ကြားတွင်ဝင်၍ကရတော့သည်။(ယခုအခါပိုမို သေသပ်လုံခြုံသည့်ရိုးရာအထည်ကိုဆင်ယင်ကြသည်။
Traditional Dress of Khongso Women
1. Traditional Skirt (Htamein):
The Khongso women’s 1traditional skirt is made from black cotton as the base fabric. Across the middle, about 10 inches wide, there are rows of colorful stripes in white, red, yellow, and green woven in a checkered pattern. This is called raihsahnak (plain woven skirt). When white beads about 4 inches wide are sewn around the hem, it is called raihpaqoosahnak (beaded ceremonial skirt). The skirt usually reaches knee-length.
2. Waistband / Belt:
Young women attending ceremonies wear the ceremonial skirt at knee level and tie it with a silver belt.
3. Upper Cloth / Blouse:
The upper cloth matches the patterns of the skirt. It is worn as a breast wrap, crossed from under the left arm and tied on the upper right chest with strings.
4. Bracelets / Bangles:
They wear silver bracelets on both wrists. On the forearms, they wear large white bangles called tamqaa on both sides.
5. Headband / Hair Decoration:
Hair is tied into a bun at the back and decorated with hairpins. A pink headband is wrapped around the head, with about three inches left hanging out on each side.
6. Necklace:
The necklace is made of beads or silver pieces and worn hanging down to the chest. This is called paqoo nam or tanka leng.
7.Earrings:
On both ears, women wear either small bamboo pieces about one inch wide or silver flower-shaped earrings.
After adorning themselves in this way, young women traditionally enter the ceremony between two men (today the traditional dress is worn in a more modest and secure style).
Comments
Post a Comment