တောင်ယာတဲအိမ်တည်ဆောက်ပုံနှင့်လုပ်ငန်းသုံးပစ္စည်းများ။
ခေါင်စိုတို့သည် ရွေ့ပြောင်းတောင်ယာစနစ်ကိုကျင့်သုံးကြသောတောင်ပေါ်နေလူမျိုးနွယ်စုဖြစ်ကြသည်။တစ်နှစ်တစ်ကြိမ်တောင်ယာရွေ့ပြောင်းလုပ်ကိုင်ကြသဖြင့်တောင်ယာတဲကိုလည်းတစ်နှစ်တစ်ခါမဖြစ်မနေဆောက်လုပ်ကြရသည်။တောင်ယာတဲအိမ်သည်အနည်းဆုံးလက်လံနှစ်လံပတ်လည်ဆောက်ရသည်။တဲအိမ်ထဲတွင်အစားအသောက်ချက်ပြုတ်ရန်မီးဖိုနေရာ၊စပါးသိုရန်စပါးကျီနေရာအဓိကစီမံရသည်။တဲအိမ်၏ဘေးဘက်နေရောင်ကောင်းစွာရသောဖက်ခြမ်းတွင်စပါးလှန်းနိုင်မည့်ကွပ်ပျစ်ကျယ်ကိုတဲနှင့်တွဲ၍ဆောက်ရသည်။ ထို့အပြင်စပါးနှံ၊ကောက်လှိုင်းများထားသိုစုဆောင်းရန်နှင့်စပါးနင်းချွေရန်နေရာအတွက်အမိုးပါသောစင်တစ်ခုကိုပါတဲအိမ်နှင့်တွဲ၍ဖြစ်စေ၊ဘေးကပ်၍ဖြစ်စေဆောက်ရသည်။အောက်ပါပစ္စည်းတို့သည် တောင်ယာလုပ်သား ခေါင်စိုမိသားစု၏အရေးပါသောလုပ်ငန်းသုံးကိရိယာများဖြစ်ကြသည်။
၁/ပုတ်ကြီး (kimhnawng )
၂/ဝန်တောင်းကြီး/ငယ် painoek/bimthang)
၃/ တောင်းကြီး/သေး ( takhoo/lakon)
၄/ဆန်ခါ/ဆန်ပြာ (vaiyoek)
၅/ဆန်ကော (paqaa)
၆/ပလိုင်းကြီးငယ်dengkrem/sarai dengkrem)
၇/ခမောက်တို/ရှည်(lakum/bawksawk)
၈/ဓါး(haikaek)
၉/ပေါက်ချွန်(taqoi)/စူးချွန် (linpong)
၁၀/ပေါက်ပြား(phalava)
၁၁/ တံစဉ်(cakraa)
၁၂/ပုဆိန် ( saka)။
![]() |
ဓါတ်ပုံရှင်အားကျေးဇူးတင်ပါသည်။ |
Comments
Post a Comment