နေအိမ်နှင့်အိမ်သုံးပစ္စည်းများ

 

၅.၁။ နေအိမ်ပုံစံနှင့် နေအိမ်သုံးပစ္စည်းကိရိယာများ
နေအိမ်ကို‌စတုဂံပုံစံဆောက်လုပ်ကြသည်။အနည်းဆုံးလက်လံ (၃ × ၂)ဖြစ်ပြီးအမြင့်လက်တောင်(၁၀)တောင်ခန့် ရှိသောခြေတိုင်ရှည်အိမ်ဖြစ်သည်။အိမ်တွင်အိပ်ခန်းတစ်ခန်းအနည်းဆုံးရှိသည်။
အိမ်ကိုဝါးခြမ်းပြား(စည်းပေါက်)၊ဝါးလုံးဝါးခြမ်းများဖြင့်ကာရံကြသည်။အိမ်အမိုးကိုသက်ကယ်၊ဝါးရွက်၊တောအုန်းရွက်(saluu qam) များဖြင့်မိုးသည်။အိမ်တိုင်မှာသစ်မာသစ်လုံးများဖြစ်သောကြောင့်နှစ်အစိတ်မျှခိုင်ခံ့သည်။
အိမ်မ(inmpui), ဟုခေါ်ကြပြီးဘေးတွဲအိမ်သေး(inm cuem)‌,(savang)ကိုလည်း‌ဆောက်ကြသည်။
သမီးကညာ၊သားလုလင်များ၏အိပ်ခန်းဖြစ်သည်။အိမ်အောက်ထပ်တွင် တောင်ယာလုပ်ငန်းခွင်သုံးပစ္စည်းများ၊မီးဖိုသုံးထင်းပိုင်းများ၊ကြက်မြုံကြက်အိမ်များကိုထားရှိသည်။
တွဲအိမ်(inmcuem) တွင် အဘိုးအဘွားများရှိလျှင်သူတို့အား‌နေရာချရပြီးသားသမီးလူပျိုအပျိုများအတွက်နောက်ထပ်တစ်ဆောင်ဆောက်ပေးရသည်။
အိမ်ပတ်လည်တွင် စပါးကျီ၊ (sapai,)ထင်းအိမ်(thinghong inm,),ကြက်၊ဘဲအိမ်(Aa,rampai inm,),တပိုင်တနိုင်စိုက်ခင်းခြံအသေးစား စသည်ဖြင့်စီမံထားရှိကြသည်။ကြက်နှင့်ဝက်တို့ကိုအိမ်တိုင်းမွေးမြူကြသည်။ဆိတ်နှင့်နွားကိုတတ်နိုင်သူများကလွှတ်၍မွေးကြသော်လည်း   သူတို့အဖို့နွားးတင်းကုတ်၊ဆိတ်တဲပုအိမ်ကိုဆောက်ပေးကြသည်။

အိမ်သုံးပစ္စည်းများ။
အိမ်သုံးပစ္စများကိုဝါး၊ကြိမ်နှင့်သစ်သားများဖြင့်ဖန်တီးထားသည်။
၁/ဝါးသေတ္တာ(ခြုံစောင်နှင့်အဝတ်အထည်များထည့်ရန်)
၂/ ထမင်းအိုး၊ ပန်းကန်းးပြား/လုံး (laom/sabae/kaphii)
၃/ခွက်ကြီးခွက်သေး(boenloen)
၄/ဗူးသီးခြမ်းဇွန်း( kahlah)
၅/ဗန်း ( sabae )/သစ်သားကိုထွင်းထားသည်ဗန်း
၆/ယောက်မ( sanprai)
၇/ရေထမ်းသယ်တောင်း (bahan)
၈/ဆန်သိုတောင်း (sabai bum)
၉/တောင်းကြီးတောင်းငယ်takho/lakhawm)
၁၀/ဖျာကြီးဖျာငယ်( phak /(buer)
၁၁/ဓါးသေးဓါးလတ် (haita/haikaek)
၁၂/ခေါင်ရည်အိုး၊ဆေးအိုး (mulahong/ tantee)


Supported by AI 



Comments