ရိုးရာအကအမျိုးမျိုး
၁/ နွားစားပွဲအက( rangpui kahnawh)
နွားစားပွဲ( sae thet Angraeng coeng)အကမှာရိုးရာဝတ်စုံဖြင့်ကျားမကြားညှပ်ကရသောထင်ရှားသည့်စုဖွဲ့အကဖြစ်သည်။ နွားကိုဗဟိုပြုကာစက်ဝန်းပုံ၊လခြမ်းပုံနေရာယူ၍ ဗုံမောင်းလင်းကွင်းဟင်းယာ၊ငြင်း၊တံပိုးခရာအတီးအမှုတ်၊သေနတ်များပစ်ဖောက်သံ၊အော်ဟစ်ကြွေးကြော်သံများကြားလူစုံတက်စုံခါးကြားလက်ထိုးအချင်းချင်းတင်းကြပ်ညှပ်ဖက်၍ငြိမ့်ငြိမ့်အိအိအရှိန်မြှင့်ကာကရသည့် ဤအကသည်ပွဲတော်များကျင်းပတိုင်းအမြဲကကြသည့်အကဖြစ်သည်။ စက်ဝိုင်းပတ်သုံးကြိမ်ပတ်မိတိုင်းရှေ့ဆုံးဗုံတီးသူက(hoi ) ဟုညာသံစချီရသည်။ထိုအခါအားလုံးက( hoi ...hoi sa loi ..hoi) ဟုတပြိုင်နက်အော်၍အတင်အချလိုက်ရသည်။တိုအခါသေနတ်သံကလည်းပြိုင်၍လိုက်စေရသည်။သေနတ်သံအရှိန်မသေမီ တံပိုးသံလည်းဥဩဆွဲလိုက်လာစေရသည်။ဤအကကိုမီးပုံကပွဲဟုလည်းဆိုသည်။
၂/ ဗုံထောင်အက( a saraihnawh)
လူဘုံလူထုများ၏ကြားတွင်တူရိယာသံအလိုက်နှီးနှော၍တစ်ဦးတည်းဗုံ၊နှင့်ဒိုင်းကာ၊ဓါးရှည် တစ်ခုခုဆောင်ကာကရသည်။
၃/ တောအမဲကောင်ခေါင်းခွံတင်ချီပွဲအက( tintu a kuu)
တောအမဲကောင်ရသည်ကိုဂုဏ်ယူ၍ ခေါင်ရည်ပွဲဝိုင်းဖွဲ့ရာ၌ကကြသည်။
၄/ ကလေးချောအက ( nauk pahawm kahnawh)
ပုခက်ထက်ကလေးကို အိပ်မောကျသွားစေရန် သီချင်းဆိုရင်းဘယ်နင်းညာကြွတလှည့်စီပုံစံမပြောင်းဘဲကရသည်။
၅/ မိုးနတ်မယ်ရေကစားအက( tangla tui takhung)
အပျိုကညာများရေကစားဟန်ဖြင့်ပွဲလမ်းသဘင်အခန်းအနားများတွင်အများသူရှေ့ကပြသည့်အကဖြစ်သည်။
၆/ အကွက်ကျော်အမြင့်ခုန်အက(angphet hnawhlam)
တူရိယာသံများကြားတွင်တစ်ဦးတည်းဖြစ်စေ၊စုဖွဲ့၍ဖြစ်စေခုန်၍ခုန်၍ကရသည့်အကဖြစ်သည်။
၇/ အသုဘအက( sawngpadet angphet)/Taqawk kahnawh)
အသုဘတွင်မိန်းမတစ်ဦး၊နှစ်ဦးသည် တူရိယာမပါဘဲသီချင်းညည်း၍ အသုဘခေါင်းသလား၏အလျားအနံအတိုင်းစုန်ဆန်ကာ အလှည့်ကျကရသည့်အကမျိုးဖြစ်သည်။ထို့အပြင် ကျားမအသုဘဝါးညှပ်အကကိုလည်းစုဖွဲ့ကကြသည်။အသုဘအကတွင် ဝိညာဉ်လမ်းရှင်းအက၊နတ်ဆိုးမချောသိပ်အကနှင့်အခြားအသုဘအကအမျိုးအမျိုးရှိသေးကြောင်းသိရသည်။
ခေါင်စိုတို့သည် ခေါင်ရည်ဝိုင်းဖွဲ့သောက်ကြတိုင်းရိုးရာတူရိယာများထုတ်သုံးတီးခတ်တတ်ကြသည်။
သီချင်းကဗျာလင်္ကာများဆိုတတ်ကြသည်။ဂီတအနုပညာကိုခုံမင်သည့်လူမျိုးနွယ်စုဖြစ်ကြကြောင်းလေ့လာတွေ့ရှိရသည်။
Comments
Post a Comment