ရိုးရာအဝတ်အထည်(အမျိုးသမီး)

 

၅.၁၊။အမျိုးသမီးတို့၏အဆင်အယင်တန်ဆာများ(nautpui cae ih khukbueng)
၁/ တဘီ,( rai sanak)
ဒူးထိနံငယ်ပိုင်းအခြမ်းဖြစ်သည်။အခြေခံအမည်းထည်ပေါ်တွင်အနီအဖြူအပြာများကိုအစင်းအကွပ်ဖေါ်၍ဖန်တီးထားသည်။
၂/ ပွဲတက်ထဘီ( paqo sanak)
ပုတီးမျှင်များတပ်ဆင်ထားသည့်ဒူးထိထဘီ၏အပေါ်၅လက်မအောက်၄လက်မခန့်ကိုပုတီးအဖြူဖြင့်ကွပ်ထားသည်။အခြေခံအမည်းထည်ဖြစ်ပြီးအလယ်တွင်၆လက်မခန့်အဖြူအနီအဝါအစိမ်းရောင်အစင်းအကွပ်များဂျပ်ခုတ်ယက်ထားသည်။
၃/ရင်ကပ်( tang dawn)
အတွင်းခံဖြစ်သည်။ကိုယ်လုံးအတိုင်းအတာကိုချိန်ဆ၍ပိုင်းဖြတ်ထားသည့်နံငယ်ပိုင်းဖြစ်သည်။ရင်သားကိုဖုံးဖိရုံကြိုးကလေးနှင့်ချိတ်၍စလွယ်သိုင်းဝတ်ဆင်ကြသည်။
၄/ ပွဲတက်ရင်ကပ်(paqo tang dawn)
အထက်ပါရင်ကပ်မျိုးဖြစ်ပြီးအထည်၏အလယ်တွင်ထဘီပါအစင်းအကွက်များယက်လုပ်ထားသည်။
၅/ ခေါင်းပေါင်း၊ခေါင်းစည်းအဖြူအနီ(Sam bueng၊)အနီမှာပွဲတက်သုံးသည်။
၆/ နားဒေါင်း( kanadoro)
အရွယ်မရောက်မီ ဝါးလုံးကလေးများကိုပိုင်းဖြတ်၍မိမိအလိုအတိုအရှည်ထားပန်ဆင်ကြသည်။အစမူလနားပေါက်သည်အပ်ချည်မျှင်သာဖြစ်ပြီးနှစ်ကာလကြာလာသည်နှင့်အမျှနားပေါက်ကျယ်လာရာသုံးသည့်ဝါးလုံးလည်းငယ်မှအကြီးအစဉ်လိုက်လိုက်၍အစားထိုးပေးရသည်။၂နှစ်သားအရွယ်မှစ၍နားဖေါက်ကြပြီး၁၅နှစ်အရွယ်တွင်ငွေနားဒေါင်းဝတ်ဆင်ကြပြီးဖြစ်သည်။
၇/ လက်ကောက်(lakok)
ငွေသားလက်ကောက်ကို‌အကွပ်ထောင့်ကလေးများအစီအရီဖော်၍ပြုလုပ်ထားသည်။ဘယ်ညာနှစ်ဖက်လုံးဝတ်ဆင်ကြသည်။
၈/ ပုတီးအမျိုးမျိုး( ကျောက်ပုတီး၊ငွေပုတီး၊ရိုးရိုးပုတီး -paqo noeng,tanka leng,paqo]အပြင်သစ်စေ့ပုတီး၊သီးနှံပုတီးများကိုလည်းဝတ်ဆင်ကြသည်။
၉/ ခါးပတ်ကြီုး(semka]
ခါးတွင်အစဉ်ဝတ်ကြသည့်ကြိုးမှာငွေသားခါးပတ်၊သားရေခါးပတ်ဖြစ်သည်။ငွေသားခါးပတ်သည်ကွင်းဆက်ပြလုပ်ထားလက်ရာမြောက်ပစ္စည်းဖြစ်သည်။
၁၀/ ဘီး( pathii]
သစ်သား၊ဝါး၊ငွေ၊ကြေးစသည်ဖြင့်ပြုလုပ်ထားသည်။အကျဲအစိပ်ဘီးများကိုဖန်တီးအသုံးပြုကြသည်။
၁၁/ ဆံထိုး(samket)
သစ်သား၊ဝါး၊ကြေးသားများဖြင့်နှစ်ခွပုံပြုလုပ်ထားသည်။
၁၂/ လည်ပတ်ဆွဲကြိုး(hnawngkhen]
ငွေသားလည်ပတ်ကြိုးဖြစ်သည်။‌ငွေဒင်္ဂါးပြားများကို
စီရီ၍ပြုလုပ်ထားသည့်လည်ပတ်ကြိုးဖြစ်သည်။
၁၃/ လက်စွပ်( bantuep]
ငွေသားလက်စွပ်အပြင်ဆင်စွယ်၊ဆတ်ချိုလက်စွပ်များနှင့်ချည်မျှင်လက်စွပ်များဝတ်ဆင်ကြသည်။
၁၄/ ခြေချင်းဝတ်( khawkkuu]
ကြေးသားငွေသားဖြင့်ပြုလုပ်ထားသည့်အလုံးခြေချင်းဝတ်ဖြစ်သည်။
၁၅/ အပေါ်ရုံထည်(kahni bui si]
ပွဲလမ်းသဘင်များ၌အသုံးပြုကြသည့်ရိုးရာစောင်ဖြစ်သည်။
၁၆/ ဆေးတံ( hrawpaw inm]
ဆေးတံဆိုရာတွင်ဆေးရည်ကိုထုတ်ယူရန်ဆေးသောက်ကြခြင်းသာဖြစ်သည်။ကြက်ဥအရွယ်ဝါးကျည်၏ထိပ်တွင်မြေသားဆေးအိုးကတော့ကိုတပ်ဆင်ပြီးဝါးပြွန်ကလေးဖြင့်ချိတ်ဆက်သွယ်ရသည်။ဆေးတံကိုလည်းဝါး၊ငွေသားများဖြင့်ချိတ်ထားသည်။ဆေးအိုးတွင်ဆေးရွက်အခြောက်ကိုထည့်မီးညှိ၍ဆေးတံမှတဆင့်ဆေး‌ရည်ရရှိသည်အထိဆေးအိုးတွင်ဆေးရွက်သုံးလေးကြိမ်ခန့်ဖြည့်ရသည်။
၁၇/ခဲမဖြူသားတံတောင်ဆစ်ဝတ်ကွင်းကြီး( Tamqa]
လက်တံတောင်ဆစ်နေရာတွင်ဝတ်ဆင်ရသည့်ငွေ၊ကြေးဖြင့်ပြုလုပ်ထားသည့်အလုံးကွင်းဖြစ်သည်။
၁၈/ချည်မျှင်ပန်းကုံး( samket hlui]
ချည်ရောင်စုံဖြင့်ပန်းအသွင်ခေါင်းထက်၌ပန်ဆင်ကြသည်။

Grandmother and their
Grandchildren 


Comments