(၇)သဘာဝပထဝီဝင်
မြေမျက်နှာသွင်ပြင်၊ရေဆင်း၊။
မြန်မာပြည်အနောက်ဘက်တောင်တန်းဒေသသည်
မြင့်မားမတ်စောက်ချွန်ထွတ်သောတောင်တန်းများဖြင့်တည်ဆောက်ထားသည်။
ဤတောင်တန်း၏တောင်ဘက်ပလက်ဝဒေသ၏
တောင်များသည် မြင့်မားမတ်စောက်ခြင်းမရှိတော့ဘဲဖြည်းဖြည်းချင်းနိမ့်ဆင်းလျက်ရှိသောတောင်တန်း၊ကုန်းပြင်မြင့်၊များအဖြစ်တည်ရှိသည်။
ခေါင်စိုလူမျိုးနွယ်စုတို့နေထိုင်ရာ ပလက်ဝမြို့နယ်၏အရှေ့ဘက် ကီမိုတောင်(ကျောက်ပန်းတောင်အမြင့်ပေ ၄၂၆၉)၏ပတ်လည်ရှိတောင်များသည်အမြင့်ပေ(၇၀၀)ခန့်အထိနိမ့်ဆင်းလျက်ရှိသောတောင်ကုန်းများတောင်ကမူများ ဖြစ်သည်။ဤဒေသတွင် မီးချောင်း၏အရှေ့ဘက်ရှိအမြင့်ပေ(၃၁၅၀)မြင့်သောလုံလိန်းတောင်၊ ဆမီးချောင်း၏
အရှေ့ဘက်ရှိ အမြင့်ပေ(၃၆၀၆)မြင့်သည့်လိန်ကဲတောင်၊ယောက်ပွီတောင်တို့ရှိသည်။
ဤဒေသ၏မြောက်ဘက် မတူပီဒေသ၏တောင်ဘက် ပလက်ဝ - မတူပီနယ်စပ်မျဉ်းတောင်ကြော၊
ခေါင်စိုဘိုးဘွားများနေထိုင်ရာဖြစ်သည့် ဖွေဆန်းတောင်(larping Hill)ရှိသည်။
ဤဒေသသည်တောတောင်ထူထပ်၍တောင်ကျ
ချောင်းငယ်မြောင်းငယ်များပေါများသည်။မတူပီဒေသတောင်တန်းများမှစီးဆင်းလာသည့်လာဥကဒီချောင်းတို့စုပေါင်း၍မတူပီပလက်ဝနယ်စပ်မျဉ်းအဖြစ် ပိုင်ချောင်းဟူ၍စီးဆင်းကာလေမြိုမြစ်ထဲသို့စီးဝင်သည်။ပလက်ဝဒေသ၏မြောက်ဘက်အစွန်အိန္ဒိယနယ်စပ် မာရာဒေသတွင် မြစ်ဖျားခံစီးဆင်းလာသည့်သစ်စီးချောင်းခေါ်မီးချောင်းသည် ခေါင်စိုဒေသကိုဖြတ်၍ကီမိုတောင်၏အရှေ့ဘက်မှကွေ့ဝိုက်၍ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့၏နယ်စပ်ကုလားတန်မြစ်ထဲသို့အရှေ့ဘက်မှစီးဝင်သွားသည်။ခေါင်စိုဒေသတွင် မီချောင်း၊၎င်း၏ချောင်းလက်တက်ဆမီးချောင်းနှင့် ပလက်
ချောင်း(ကုလားတန်မြစ်သို့အရှေ့ဘက်မှစီးဝင်)တို့သည်အဓိကမြစ်ချောင်းများဖြစ်ကြသည်။
ရာသီဥတုနှင့်ပေါက်ပင်
မြောက်ဘက်အစွန်ဆုံးများမှအပ ပလက်ဝဒေသတစ်ခုလုံးနီးပါးသည်ရခိုင်ကမ်းမြောင်ဒေသတွင်ပါဝင်ပြီးတောင်တက်မိုးကောင်းစွာရရှိသောအပူပိုင်းစိုစွတ်ရာသီဥတုရရှိသည်။
ခေါင်စိုအများစု၏ဒေသဖြစ်သောကီမိုတောင်ပတ်ဝန်းကျင်သည် ပင်လယ်ရေ၏ပြုပြင်ခြင်းကိုကောင်းစွာမရရှိသည့်ကုန်တွင်းပိုင်းတွင်ကျရောက်သဖြင့်အပူအအေးလွန်ကဲသည်။
မြောက်ဘက်နယ်မြေဒေသ မတူပီနယ်စပ်တလျှောက်ဒေသသည် ပင်လယ်၏ပြုပြင်ခြင်းကိုကောင်းစွာမရရှိသော်လည်း အမြင့်ပိုင်းဒေသတွင်ပါဝင်သဖြင့်အပူလျော့ပိုင်းရာသီဥတုရရှိသည်။
ဤဒေသ၏အနိမ့်ပိုင်းဖြစ်သည့်ကီမိုတောင်ဝန်းကျင်ဒေသတွင်တောသရက်တောင်သရက်၊ကညင်၊ပျဉ်းမနှင့်သပြေ စသည်တို့ အဓိကပေါက်ရောက်ပြီးအခြား
သစ်မာပင်များ၊၊နှင့် ဝါးကြိမ်တောများလည်းတွေ့ရသည်။ဤဒေသ၏အမြင့်ပိုင်းဒေသတွင်စံကား၊ကံ့ကော်များ၊ကညင်နှင့်ကြိမ်နွယ်များပေါက်ရောက်သည် ။
(၈) စီးပွါးရေးလုပ်ငန်း
အဓိကစီးပွါးရေးမှာ တောင်စောင်းများတွင်
တောင်ယာစိုက်ပျိုးရေး လုပ်ငန်းဖြစ်သည်။ တောင်ယာတွင်စပါးကိုအဓိကစိုက်ပျိုးပြီးစီးပွါးရေးအဖြစ် နှမ်း၊ငရုပ်၊ချင်း(ဂျင်း)၊နနွင်းတို့ကိုစိုက်ပျိုးကြသည်။အခြားသီးနှံများမှာ ပြောင်း၊ပဲအမျိုးမျိုး၊သခွါး၊ဖရုံ၊ချဉ်ပေါင်၊မုန်ညင်း၊ပီလောပီနှံ၊ပိန်းဥစသည်တို့ဖြစ်သည်။
ဥယျာဉ်ခြံမြေများကိုလည်းလုပ်ကိုင်ကြပြီးစီးပွါးဖြစ်နှစ်ရှည်ပင်များကိုစိုက်ပျိုးကြသည်။အဓိကစီးပွါးဖြစ်အပင်များမှာ သရက်အမျိုးမျိုး၊ဒညင်း၊သီဟိုဍ်၊သံပုရာနှင့်ငှက်ပျော စသည်တို့ဖြစ်သည်။
မိသားစုတိုင်းတွင် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာရှိသည့်အတိုင်းကြက်နှင့်ဝက်ကိုမွေးမြူကြသည်။စီးပွါးဖြစ်မွေးမြူသောတိရိစ္ဆာန်များဖြစ်ကြသည့် နွားနောက်၊နွား၊ဆိတ်၊တို့ကိုလွှတ်၍မွေးမြူကြသည်။ရှေးအခါက နတ်ပူဇော်ရန်နှင့်လူမှုရေးရာကိစ္စများတွင်သုံးရန် ရည်ရွယ်ချက်များဖြင့် တိရိစ္ဆာန်များကိုမွေးမြူကြသည်။ယခုအခါ တိရိစ္ဆာန်များကိုလွှတ်ကျောင်းစနစ်ဖြင့်မွေးမြူခြင်းသည် တောင်ယာလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုနှောင့်ယှက်ဖျက်ဆီးသဖြင့်ဖျက်သိမ်းရမည့်လုပ်ငန်းဟုအဆိုပြုကြသည်။
မတူပီမြို့နှင့်ပလက်ဝမြို့သည် ကူးသန်းရောင်းဝယ်
ရန်အနီးဆုံးဈေးကွက်တည်ရှိရာဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲကြမ်းတမ်းသဖြင့်စီးပွါးတိုးတက်မှုနိမ့်ဆင်းလေသည်။
နိုင်ငံတော်အစိုးရသည်၂၀၀၀ပြည့်နှစ် မှစ၍ လမ်းပန်းဆက်သွယ်ရေးဦးစားပေးဆောင်ရွက်လာသဖြင့်ဒေသတွင်းလူမှုစီးပွါးအတော်အသင့်ကောင်းမွန်လျက်ရှိသည်။ မီးချောင်း၊ဆမီးချောင်း ဒေသ၏စီးပွါးရေးအချက်အချာမှာရခိုင်ပြည်နယ်၊ကျောက်တော်မြို့ဖြစ်သည်။ဒေသထွက်ကုန်များကိုမီးချောင်း၊အတိုင်းစက်လှေများဖြင့်စုန်ဆင်းသယ်ယူ၍ ရောင်းဝယ်ဖေါက်ကားကြသည်။ ယခုအခါကားလမ်း၊ရွာချင်းဆက်ဆိုင်ကယ်လမ်းများဖြင့်မတူပီ၊ပလက်ဝမြို့၊ဆမီးမြို့များမှတဆင့် ပြည်မနှင့်ချိတ်ဆက်ရောင်းဝယ်ကြသည်။
လက်ရှိနိုင်ငံရေးမငြိမ်သက်မှုကြောင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့်ဒေသတွင်းစီးပွါးရေးသည် ရှေးယခင် ဘိုးဘွားများခေတ်သို့နောက်ပြန်ဆုတ်သည့်အလွန်ပင်ခက်ခဲဆင်းရဲသည့်စီးပွါးရေးဖြစ်လေသည်။
(10. )ယနေ့အခြေအနေအကျဉ်း။
(Arakan Army, AA) မှ ၂၀၂၄ ဇန်နဝါရီလ ၁၄ရက်တွင် ပလက်ဝမြို့နယ်အပြည့်စုံကို ထိန်းချုပ် ကြောင်း ကြေညာထားသည်။
ထိုအချိန်မှ စ၍ AA က ပလက်ဝတွင် စစ်အုပ်ချုပ်ရေးစနစ်များတည်ရှိကြောင်း၊ “Military Council–free area” ဖြစ်ကြောင်း ကြေညာထားသည်။
သို့သော် AA ၏ အုပ်ချုပ်ရေးစနစ်သည် ဒေသခံ ဘာသာ၊ လူမျိုးအုပ်စုများ၏ သဘောထားများ၊ တရားစီရင်မှုလုပ်ထုံးလုပ်နည်းများ စသည့် ပြဿနာများ ကြားတွင် ဆန့်ကျင်မှုများ ရှိနေသည်။ တချို့ ချင်းအဖွဲ့များသည် AA ၏ တာဝန်ယူမှုကို လက်မခံကြောင်း ကြေညာထားသည်။
ဆမီးဒေသ၏အစိတ်ပိုင်းဖြစ်သည့် ဆမီးမြို့၏အထက်ပိုင်း မီးချောင်း၊ဆမီးချောင်း၊ဆမီး-မတူပီလမ်းမတလျှောက်နှင့်ပိုင်ချောင်း၊စံကီတောင်အုပ်စု များကို ဒေသခံ PDF ကထိန်းချုပ်၍ ပညာရေး၊ကျန်းမာရေးနှင့်အခြားလူမှုဝန်ဆောင်မှုလုပ်ငန်းများတာဝန်ယူလျက်ရှိသည်။
မတူပီမြို့နယ်။
Chin Brotherhood စေ့စပ်အဖွဲ့အစည်းများက ၂၀၂၄ခုနှစ် ဇွန်လတွင် မတူပီမြို့ကို စစ်တိုက်ပြီး ထိန်းချုပ်ယူကြောင်း သတင်းများရှိသည်။
မတူပီမြို့နယ် (၂၀၂၅ ခုနှစ်၊ ဩဂုတ်လကုန်ပိုင်း အခြေအနေ)မတူပီမြို့နယ်၏ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် စီးပွားရေးကိစ္စရပ်များကို Chinland Defense Force - Matupi (CDF-Matupi) (သို့မဟုတ်) Matupi Revolutionary Organization (MRO) ကအဓိကထိန်းချုပ်ထားပါသည်။
မတူပီမြို့နယ် ၊ခေါင်စိုလူမျိုးနွယ်စုများနေထိုင်သည့် လွီဗန်၊ဘွေရိန်းကျေးရွာများသည် CC (Chinland Council နှင့် ဒေသခံPDFများ၏အုပ်ချုပ်မှုအောက်တွင်လူ့အခွင့်ရေး၊ပညာရေး၊ကျန်းမာရေးအခြေအနေများကောင်းမွန်စွာလည်ပတ်လျက်ရှိကြောင်းသိရသည်။
ပလက်ဝမြို့နယ်နှင့်မတူပီမြို့နယ်နှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ရရှိရန် အောက်ပါနည်းလမ်းများကို အသုံးပြုသင့်ပါသည် -
ဒေသဆိုင်ရာသတင်းဌာနများ။ : ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အနီးရှိ ဒေသခံသတင်းဌာနများ၏ လူမှုကွန်ရက်စာမျက်နှာများကို စောင့်ကြည့်ရန် ။
သတင်းအတည်ပြုခြင်း ။: လက်နက်ကိုင်အဖွဲ့များ သို့မဟုတ် လူမှုအဖွဲ့အစည်းများမှ ထုတ်ပြန်သော သတင်းများသည် ဘက်လိုက်မှုရှိနိုင်သောကြောင့် သတင်းအများအပြားနှင့် နှိုင်းယှဉ်အတည်ပြုရန်။
Comments
Post a Comment