(Becoming a woman of beef)
ရှေလွန်လေပြီးသေားကာလအခါ မိဘဆွေမျိုးညာတိမရှိတစ်ထီးတည်းတောင်ယာလုပ်ကိုင်စားသောက်သော လူပျိုတစ်ဦးသည်ရှိ၏။
တစ်နေ့သောအခါ ရွာထဲတွင်ချေမ(သမင်ဒရယ်မျိုးစိတ်မျိုးကွဲဖြစ်ပြီးဒေသအခေါ် ဂျီ၊ချေ၊(sakhii)
ဟူ၍ဖြစ်သည် )တစ်ကေင်ရ၍ရွာ၏ ဓလေ့အတိုင်း
အသားတစ်တစ်ဖဲ့ကို ဟင်းစားအဝေအဖြစ် ထိုမိဘမဲ့လူပျိုသည်ရ၏။ သူရသည့်ဟင်းဝေစုမှာ တိရိစ္ဆာန်
၏အင်္ဂါစပ်ဖြစ်သည်။ ကိုလူပျိုသည် ၎င်းအသားတစ်အား စူးထိုးပြီးမီးဖိုချောင်ကျပ်ခိုးထက်တွင် အခြောက်လုပ်ထားသည်။
ကိုလူပျိုသည်နေ့တဓူဝ တောင်ယာအလုပ်၊အိမ်အလုပ်တို့ဖြင့် ဘဝကိုခက်ခဲပင်ပန်းစွာရုန်းကန်ရသူဖြစ်သည်။
ညနေ တောင်စွယ်နေကွယ်လျှင် တောင်ယာမှပြန်လာတတ်ပြီး မနက်ဝေလီဝေလင်းသည်နှင့်တောင်ယာသွားတတ်သည်။
ယခုတွင်ထူးဆန်းသည့်အဖြစ်အပျက်တို့တွေ့ရသည်။ ကိုလူပျိုတောင်ယာမှပြန်လာသည့်ညနေတိုင်းအိမ်မှုကိစ္စဖြစ်သည့် ထမင်းချက်၊ရေခပ်၊ထင်းခွေ၊ကြက်ဝက်စာကျွေး၊စပါးထောင်း စသော အလုပ်များအကုန်အစင်ဆောင်ရွက်ပြီးစီးနေသည်ကိုတွေ့ရသည်။အိမ်တွင်းအိမ်ပြင်သန့်ရှင်းသပ်ရပ်နေသည်ကိုလည်း အံ့ဩဖွယ်မြင်ရသည်။တစ်ရက်မဟုတ်တစ်ရက် ဤထူးဆန်းသည့်လုပ်ရပ်များကို သိချင်ဇောဖြစ်လာသဖြင့် တစ်ခုသောမနက်တွင် တောင်ယာမသွားဘဲအိမ်အောက်တွင် ဆန်ကောအောက်ပုန်းကွယ်၍အရိပ်အကဲကိုစောင့်ကြည့်နေသည်။ ညနေစောင်းလေနုအေးချိန်ရောက်လျှင် မီးဖိုချောင်ကျပ်ခိုးစင်မှ သူအခြောက်ကင်ထားသည့်အသားတစ်သည်လှပသောမိန်းမပျိုတစ်ဦးအသွင်ပြောင်းလဲလာသည်ကို အံ့ဩမင်သက်မြင်ရလေတော့၏။
ကိုလူပျိုသည် ရွာထဲတွင်အနှိမ်ခံဘဝဖြင့်လူလုံးမလှဖြစ်ကာချစ်ကြိုက်ရမည့်သူမရှိဖြစ်ရသည်ကိုတွေးပြီးဤမိန်းမပျိုကိုအပိုင်ချိုင်ကိုင်တွယ်တော့မည်ဟုဆုံးဖြတ်သဖြင့် ပုန်းကွယ်ရာမှပြုန်းကနဲထွက်၍အမိအရဖမ်းချုပ်လိုက်တော့၏။ ဇနီးမယားအဖြစ်ပေါင်းသင်းပါမည်ဟုကတိပြုတောင်းလျှိုးတောင်းပန်လေတော့သည်။ မိန်းမပျိုက မိမိသည် တိရိစ္ဆာန်ဖြစ်ကြောင်း၊နောင်အခါမိမိအားအခြားသူများကဲ့သို့ဆဲဆူကြိမ်းမောင်းလျှင်မသင့်ကြောင်းပြောသော်လည်း ထိုသို့မဖြစ်စေရကြောင်း၊ဆံဖြူသွားကျိုးချစ်ခင်မြတ်နိုးမည်ဖြစ်ကြောင်းကိုလူပျိုသစ္စာဆိုလေသည်။
အချိန်ရာသီတို့ရွှေ့လျားကြာညောင်းလာသည်နှင့်မိဘမဲ့ကိုလူပျို၏အမဲသားတစ်မှလူဖြစ်လာသောဇနီးတွင်မိန်းခလေးနှစ်ဦးညီအစ်မကိုဖွါးမြင်လေသည်။
အိုးအိမ်ဇနီးမယားနင့်ပြည့်စုံလာသည့်ကိုလူပျိုသည်လည်းရပ်ထဲရွာထဲတွင်လူဝင်ဆန့်လူရာဝင်ဖြစ်လာသဖြင့် ခေါင်ရည်ဝိုင်းတွင် မကြာမကြာသွားလာလျက်ရှိသည်။
တစ်နေ့သောအခါ လူမမယ်သမီးငယ်တို့သည် စပါးဆုံထောင်းနေသည့်မိခင်အား လေးမြှားဖန်ဆင်းပေးရန်ပူဆာကြသည်တွင် မိခင်ကမိမိမှာမအားကြောင်း၊ခေါင်ရည်ဝိုင်းတွင်လူမှုအကျိုးစီးပွားဆောင်ရွက်နေသော၎င်းတို့၏ဖခင်ကိုဖန်ဆင်းခိုင်းသင့်ကြောင်းမောင်းထုတ်လွှတ်လိုက်သည်။ ကလေးတို့သည် ခေါင်ရည်ဝိုင်းဖခင်ထံမှလည်းအနှင်ထုတ်ခံကြရသည်။သမီးငယ်သည်မိခင်ဖခင်တို့ကြား သွားလိုက်လာလိုက်ဖြင့်လေးမြှားတစ်စင်းပင်မရရှာပဲအောက်ပါညည်းချင်းကိုဆိုပြသည်။
"No oe,Pa oe, lae thae sah peh,bongpui pongih, bongmah pongih sangbahuu kaa han,"
အဓိပ္ပာယ်မှာ "ဖေဖေရယ်၊မေမေရယ် လေးမြှားဖန်ဆင်းပေးလှည့်ပါ၊ညောင်ပင်ထိပ်က ခါငှက်စိမ်းကိုပစ်ခွင်းချင်သည်။"ဟူ၍ဖြစ်ပါသည်။
နောက်ဆုံးသောအခါ မိခင်ဖြစ်သူသည် စပါးထောင်းမပြီးနိုင်သည့်ကြားက လေးမြှားတစ်စင်းဖန်ဆင်းပေးလိုက်ရသည်။ ဤလေးဤမြှားဖြင့် ဖခင်၏ပေါင်ထက်မှခေါင်ရည်စုတ်တံကိုထက်ခြမ်းခွဲပစ်သွင်းရန်လမ်းပြစေလွှတ်လိုက်သည်တွင် သမီးမှာထိုအတိုင်းပြုလေတော့၏။လူမှုဆက်ဆံရေးအထူအပါးကိုနားမလည်သည့် မိမိ၏ဇနီးအပေါ်ဒေါသူပုန်အကြီးအ
ကျယ်ထကာပေါက်ကွဲသောင်းကျန်းလာသည့်လင်ယောက်ျားသည် ဇနီးမယားအား ကိုယ်ထိ
လက်ရောက်တုန့်ပြန်၍ တိရိစ္ဆာန်အမျိုးဟုလည်းဆဲဆူကာဆိုခဲ့သောကတိကိုချိုးဖျက်လေသည်။သူမသည်တိရိစ္ဆာန်ဟုမိမိအားဖေါက်ပြန်ပြောဆိုခြင်းကို သံဝေဂနောင်တဖြစ်ကာနောက်နောင်တွင်လည်းဤထက်ပိုမိုဆိူးရွားသည့်စကားလုံးများ၊နာကျင်မှုများရရှိခံစားမည်ကိုတွေးတောတုန်လှုပ်၍ချေမတစ်ကောင်ပြန်ဖြစ်ရန်ကျိန်လိုက်ရတော့သည်။
မီးဖိုထက်ကမီးမှုတ်ကျည်၊မီးညှပ်၊ဖိုခနောက်နှင့်အိမ်ထောင့်ရှိတံမြက်စည်းတို့ကိုကိုယ်ပေါ်တပ်ဆင်ပြီးနောက် "ဟောက်ခီး"ဟုအော်၍ နေအိမ်နောက်ဖေး
တံခါးပေါက်မှ တောအုပ်ထဲသို့ခုန်ဆင်းကာဝင်ရောက်ပျောက်ကွယ်လေတော့သည်။
ဖခင်ဖြစ်သူသည် လူမမယ်ကလေးနှစ်ဦးနှင့်အိမ်မှုကိစ္စများကိုပစ်ထားပြီးခေါင်ရည်ဝိုင်း၌သာအချိန်ကုန်လျက်ရှိသည်။
မိခင်နို့ရည်ဆာသည့်ကလေးငယ်သည်အစ်မဖြစ်သူ၏အပြုအစု၌အသာရမက်မပြေပျောက်ဘဲငိုရှိုက်လျက်ရှိသည်။ရင်ကွဲမတတ်ခံစားရသည့်ညီမဖြစ်သူ၏အဖြစ်ဆိုးကိုဖြေရှင်းရန် တောအုပ်ထဲသို့ခေါ်ဆောင်လာ၍မိခင်အားငိုချင်းဖြင့်ဖိတ်ခေါ်၏။( "No oe,boekboeh tui tuen pae rae aeh,No oe )
"မေမေရယ် နို့ချိုအေးတိုက်ပေးလှည့်ပါ မေမေရယ်"
ဟူ၍ဖြစ်သည်။ဤတွင်မိခင်ဖြစ်သူသည် ချေမဘဝဖြင့်ရောက်ရှိလာပြီးနို့ချိုတိုက်ကျွေးချောသိပ်ပေးလေသည်။
ဤသို့နေ့စဉ်တစ်ကြိမ်တခါပုံမှန် မိခင်နှင့်ကလေးဆုံဖြစ်ကြ၏။
တစ်နေ့တွင် စိတ်မနှံ့ကျပ်မပြည့်သည့် လူပေါကြောင်(kamthuusalui)၏ကျော့ကွင်း၌လူသား
မိခင်တဖြစ်လဲ ချေမသည်မိလေသည်။ ဤတွင်အကြီးကောင်ဖြစ်သည့်ကလေးမသည် လူပေါကြောင်ထံသို့ချဉ်း၍မိမိအားချေမ၏ မျက်လုံးနှစ်လုံး
ပေးပါရန်တောင်းပန်သဖြင့်ရလေသည်။ မျက်စေ့ကို မီးဖိုထောင့်တွင်မြေမြုပ်စိုက်ပျိုးလိုက်သည်။ကျန်တစ်လုံးကိုဖြင့်ချောင်း၏အဖျား၌ ပျိုးလိုက်ကြသည်။
ကာလအတန်ကြာလတ်သော် ချောင်းဖျားတွင်ပျိုးချသည့်မျက်စေ့သည်အပင်ပေါက်လာ၍ပုတီးသီးမျိုးစုံသီးသောအပင်ကြီးဖြစ်လာသည်။
ပုတီးပင်မှအရွယ်စုံပုတီးများကို တေးသီချင်းဖြင့်တောင်းယူကြသည်။တောင်းသည့်အတိုင်းလည်းရကြ၏။
လူပေါကြောင်သည် ပုတီးလုံးလေးများကိုလည်၌ဆွဲသည့်ညီအစ်မတို့ကို အားကျသဖြင့်စကားကြမ်းများသုံး၍တောင်းဆိုလေသည်။ သူတို့သည် လိမ်ညာပြောပြသည့်အဆုံးတွင်အမှန်ကိုဖုံးမရတော့ပဲဖြစ်ရလေသည်။
သို့သော်လူပေါကြောင်၏ပုတီးလုံးတောင်းဆိုမှုကမအောင်မြင်ပေ။ပုတီးလုံးများအစားခါးသီးသည့်ဆူးချောင်းများကိုသာရလေသည်။ဒေါသမုန်တိုင်းဖြစ်ပွါးကာပုတီးပင်ကိုခုတ်လှဲတော့သည်။ကလေးငယ်နှစ်ဦးကငိုချင်းချ၍မြေသို့လဲမကျရန်တောင်းဆိုသောအခါ သစ်ပင်သည်ညွတ်ကျယိမ်းယိုင်ရာမှပြန်ပြန်မတ်မတ်လာသည်။
မည်သို့ပင်ပြုစေကာမူ လူမမယ်အားနွှဲ့သည်
အကြောင်းကြောင့် လူပေါကြောင်အားမတားဆီးနိုင်သဖြင့်မိခင်သစ်ပင်ကြီးမှာမြေသို့ဘုန်းဘုန်းလဲကျတော့သည်။
လူကဲ့သို့ဖြစ်သည့်ပုတီးပင်ကြီးသည်ချောင်းရေစီးအတိုင်းမျှောပါသွားရာ ကလေးငယ်နှစ်ဦးမှာမိခင်အမှတ်ဖြင့်ချောင်းအတိုင်းလိုက်ကြသည်။တခါတခါမီသော်လည်းတခါတခါရေတံခွန်ကမ်းပါးများမတ်
စောက်သည့်ရနရာများတွင်မမီနိုင်မကမ်းနိုင်ဖြစ်ကြရသည်။ညီမငယ်ကိုကျောပိုးထမ်းရသဖြင့်ခက်ခဲပင်ပန်းလှသည်။ချောင်းအတိုင်းလိုက်မရသည့်နေရာ
ကမ်းပါးများကိုကွေ့ပတ်ရရှောင်ရှားရသည်။တောင်များကိုတက်ရဆင်းရသည်။မြစ်ဆုံချောင်းဆုံ လွန်လျှင်တသက်စာမဆုံဘဲဖြစ်ရတော့မည်။
ကံကောင်းထောက်မစွာ ချောင်ဆုံရာ(ကဒီလာဉ )တွင်မိခင်သစ်ပင်အားမီလိုက်နိုင်သည်။သို့သော်လည်းညီမငယ်မပါပေ။ဇောစိတ်မြန်ပြေးလာသည့်တောထဲတောင်ထဲပိုးစောင်ကြိုးပြတ်ကျကျန်ခဲ့ပြီ။ ခဏတာ မိခင်အားဖက်တွယ်နုတ်ဆက်လိုက်ရသည်။ညီမငယ်အားလှည့်ပြန်ယူဆောင်လာရန်၊မိခင်ကတောင်းဆိုသဖြင့်လာရာ လမ်းသို့ပြန်ပြေးရသည်တွင် မလှမ်းမကမ်း ချောင်းနံဘေးသောင်ပြင်၌ခလုတ်ကန်သင်းထိခိုက်မိသဖြင့်ထိုနေရာတွင်ပင်သေဆုံးခဲ့ရရှာသည်။
အမှန်စင်စစ် မိခင်သည်လည်းသူမ၏သမီးအလာကိုစောင့်ဆိုင်းပိုင်ခွင့်မရှိပါ၊အချိန်ဒီရေကသူမအားမစောင့်ပါလေ။ ဖွေဆန်းတောင်ထိပ်တွင်ပိုးစောင်ကြိုးပြတ်ကျကျန်ရစ်သည့်ညီမငယ်သည်လည်း ပုစဉ်းကောင် (cangqoi) ဘဝသို့ကူးပြောင်းခဲ့ပြီး
ဖြစ်သည်ကို မိခင်အပါအဝင်အစ်မဖြစ်သူလည်းမသိရှာပါ။
ယခုတွင်အစ်မဖြစ်သူသည်လည်း သူမသေဆုံးရသည့်နေရာတွင်ပင် ချောင်းနံဘေးတလျှောက်ပေါက်ရောက်သည့် ကျူပင်(cangraikung) ဘဝသို့ကူးပြောင်းဖြစ်ရသည်။
သားအမိသုံးယောက်တို့သည် တမလွန်နောက်ဘဝ တစ်ခုသို့ရောက်သွားကြပြီတည်း။
မိခင်သည်ချောင်းစီးအတိုင်းစီးမျှောကာထာဝရကွယ်ပျောက်ခဲ့သည်။
ညီအစ်မနှစ်တို့သည် မတူညီသောဘဝဖြင့်ပြန်လည်ဆုံဆည်းကြသည်။
မိုးတွင်းချောင်းရေလွှမ်းသည့်အခါ ကျူပင်များသည် ထက်ဝက်မကရေမြှုပ်ခံကြရသည်။အသီးအရွက်အခြွေခံရသည်အထိ ရိုးတံဘဝဖြင့်တောင့်ခံရသည်။ဤဒုက္ခဆင်းရဲဒဏ်ကိုမျှဝေခံစားရန် ညီမငယ်သည်တောင်တန်းမှဆင်းလာပေးသည်။
အစ်မဖြစ်သူ ကျူပင်၏ကျောထက်တွင်ပုစဉ်းဘဝဖြစ်နေရသည့် ညီမဖြစ်သူနားခို၍ တေးချိုသိပ်သည့်
အဖြစ်ကိုစက်တင်ဘာလမှ နိုဝင်ဘာလ ရေကျချိန်ထိ တွေ့ရသည်။
တဖန် ကိုးရပ်ခွင်တိုင်းပူပြင်းတောက်လောင်လျက်ရှိသည့်တောင်ယာများမီးတင်ရှို့သည့် မတ်၊ဧပြီလများကိုကမ်းနံဘေးတလျှောက်သီးရွက်အစုံဖြင့်အစွမ်း
ကုန်စိမ်းလန်းနေသောကျူပင်က ညီမငယ်ပုစဉ်း၏
ဘဝကန္တရပူလောင်ခြင်းအားငိုကြွေးမြည်တမ်းရာကာလအဖြစ်သတ်မှတ်သည်။
ပုံပြင်၏အစဇာတ်ကောင်မိဘမဲ့လူပျိုသည် နောက်မယားယူလေသည်ဟုဆိုသည်။တစ်နေ့ ဇနီးမယားအိမ်ယောက္ခမအိမ်သို့အလည်သွားကြရာလမ်းခရီးတွင် သေဆုံးနေသော ခါငှက်တစ်ကောင်ကိုတွေ့၍ကောက်ယူသော်လည်းအပါမယူဘဲလမ်းဘေးသစ်ပင်၌ချိတ်ဆွဲထားခဲ့သည်။
ဇနီးသည်၏မိသားစုနေအိမ်ရောက်၍ နေဝင်လုချိန်ရောက်သောအခါ ဇနီးသည်ကသတိပေးစကားဆိုလာသည်။သို့ဖြစ်လျှင်ကိုလူပျိုသည် အရိပ်အကဲကိုကြည့်ရှူထောက်လှမ်းပြီးသောအခါ တစ်ဦးတည်းထွက်ပြေးလာခဲ့ရသည်။အမှန်စင်စစ် သူ့၏ဇနီးအပါအဝင်တမိသားစုလုံးတို့သည်နတ်ဆိုး( Taqawk)
များဖြစ်ကြသည်ကို ကံကောင်းထောက်မစွာသိလိုက်ရခြင်းဖြစ်သည်။
အလာလမ်းနံဘေးတွင်ချိတ်ထားခဲ့သော ခါငှက်အသေကောင်ကိုလှမ်းယူရာတွင်မိန်းမပျိုတစ်ဦးအသွင်ပြောင်းလာပြီးဇနီးအဖြစ်လက်ဆက်ပေါင်းသင်းခဲ့လေသည်။
#ပုံပြင်သည် မိမိတို့နှင့်ပတ်သက်ဆက်နွယ်သည်ဟုအယူရှိကြသောခေါင်စိုမျိုးနွယ်စုထဲမှ kekear ဖသားစုတို့သည် ချေသား၊ခါငှက်သားကို ခရစ်ယာန်ဘာသာ မကိုးကွယ်သည့်ကာလတလျှောက်မစားဘဲရှောင်ကြသည်ဟုသိရသည်။
#ပုံပြင်ထဲတွင် ပုတီးပင်မေမေသို့ဆိုပြသည့်သီချင်းရှိသးသည်။တဖန်ညီအစ်မနှစ်ဦးဝိညာဉ်ဘဝဖြင့်အပြန်အလှန်ချစ်သနားသည့်သီချင်းလည်းရှိ၏။ကျွန်ုပ်အားနည်းချက်ဝန်ခံပါသည်။





Comments
Post a Comment
Academic and respectful comments only. Inappropriate content will be removed.