ခေါင်စိုသမိုင်းမိတ်ဆက်

 ၁။ နေရာအရင်းအမြစ်နှင့် သမိုင်းအကျဉ်း

မူလဘိုးဘွားတို့နေရာ / နေထိုင်ရာဒေသ
တွီဗင်ပြည်သည် ‌မူလနေထိုင်ရာဒေသဖြစ်သည်ဟု
နှုတ်ရာဇဝင်ကျန်ရစ်ခဲ့သဖြင့် ခေါင်စိုတို့၏ ပေါက်ဖွားရာဒေသမှာတိဗဘ်ကုန်းမြင့်ဖြစ်မည်ဟုခန့်မှန်းရမည်။ ခေါင်စိုတို့သည် ချင်းအနွယ်ဖြစ်ခြင်း၊ဆင်းသက်ပုံသည်လည်းချင်းမျိုးစုများနှင့်တူညီခြင်း၊ချင်းမျိုးနွယ်စုတို့သည် တိဗက်-မြန်မာ အုပ်စုဖြစ်ခြင်းစသည်တို့ကြောင့် ခေါင်စို တို့၏မူရင်းဒေသမှာ တိဗက်ဒေသဖြစ်ရပါမည်။



အရင်းအမြစ်ပေါ်ပေါက်လာပုံ
တိဗက်ဒေသနေစဉ်အခါ (သို့) ရှေးသောကာလတစ်ချိန်ထခါတွင် ရေမင်းလွှမ်းမိုးခံရ၍ ပြောင်းရွှေ့လာကြသည်ဟုနှုတ်သမိုင်းရှိသည်။ တချို့ကဒေသမငြိမ် မသက်ဖြစ်ခြင်းကြောင့် ပြောင်းရွှေ့ကြသည်ဟုဆိုကြသည်။ထိုတွီဘင်မှကျောက်ဂူထဲတွင် နှစ်ကာလရှည်ကြာစွာ မျိုးတူစုအလိုက် ပုန်းအောင်းနေထိုင်ခဲ့ကြသည့်ခေါင်စိုလူမျိုးနွယ်စုဟုဆိုကြသည်။သမိုင်းအထောက်အထားကားယနေ့တိုင်ထောက်ပြမရသေးချေ။




နယ်မြေပြောင်းရွှေ့မှု သမိုင်း
ချင်းလူမျိုးများပြောင်းရွှေ့မှုနှင့်အတူတူပင်ဖြစ်သည်ဟုဆိုရမည်ဖြစ်သည်။ ချင်းသမိုင်းများအလိုအရ ခေါင်စိုတို့သည် ချင်းအနွယ်ဖြစ်ပြီး ပလက်ဝဒေသသို့ ပထမအသုတ်ဝင်ရောက်သည့်အုပ်စုဖြစ်သည်။
နယ်မြေပြောင်းသည့်သမိုင်းလမ်းကြောင်းသည်
တွီဘင်ဒေသမှချင်းတောင်တန်းလမ်းကြောင်းကိုကားမသိကြတော့ပေ။ ချင်းတောင်တန်းပေါ်တွင် ချင်းအနွယ်များနှင့်အတူရောက်ရှိနေထိုင်ကြသည်။ အေဒီ(၁၄)တွင်ချင်းတောင်သို့ညီအစ်ကိုချင်းတို့နှင့်အတူရောက်လြာကြပြီးနှစ်ပေါင်း၃၀၀-၄၀၀ကြာ ချင်းတောင်တန်းပေါ်ပြောင်းရွှေ့ကျင်လည်ခဲ့ကြပြီးပလက်ဝဒေသတွင်( ၁၇)ရာစုနှောင်းပိုင်း(သို့)( ၁၈)ရာစု အစောပိုင်းကာလ၌ဝင်ရောက်ကြောင်းအတည်ပြရမည်။ချင်းတောင်မှ ပလက်ဝ‌ဒေသသို့ခေါင်စိုတို့ဆင်းသက်လာသည့်လမ်းကြောင်း(၂)ကြောင်းဖြစ်သည်။

(၁)ကုလားတန်မြစ်ဖျားမှဆင်းလာသည့်ထမ်းကြောင်း။
ဤလမ်းကြောင်းသည် အိန္ဒိယနယ်စပ်အနီးမျဉ်းမှ ကုလားတန်မြစ်ဖျား ရှင်းလက်‌ချောင်းမှမြစ်အတိုင်း စုန်ဆင်းလာသည့်လမ်းကြောင်းဖြစ်သည်။လူနည်းစုအုပ်စုဖြစ်ပြီးမိမိတို့ကိုယ်ကိုအဆန်ဟုခံယူကြသည်။
ပလက်ဝမြို့အနီးဝန်းကျင်ထိရောက်ရှိနေထိုင်ကြသည်။
(၂ )ဆမီးချောင်းမှဝင်လာသည့်လမ်းကြောင်း။
မတူပီမြို့နယ်၏တောင်၊အနောက်တောင်ဘက်ရှိတောင်တန်းများမှပလက်ဝမြို့နယ်၏မြောက်ဘက် ရှိတောင်တန်းများသို့ လာဥချောင်းကဒီချောင်း(လင်တီ) ချောင်းမှတဆင့် တောင်ကြောများကိုဖြတ်၍
ဆမီးချောင်းသို့ဝင်လာကြသည်။အများအုပ်စုဖြစ်ပြီးတချို့မတူပီတောင်တန်းများ၌ကျန်ရစ်သည်။မိမိတို့ကိုယ်ကိုအဆန်ခေါင်စို၊ ခင်လံတ်ဟုခံယူကြသည်။
သမိုင်းကြောင်းထဲက အရေးကြီးဖြစ်ရပ်များ
ခေါင်စိုမျိုးနွယ်စုတို့သည် အခြားသူများ၏အခွန်အတုတ်ကောက်ခံမှုကြောင့်အတည်တကျအခြေမချနိုင်ကြကြောင်း၊ဆမီးချောင်းထဲနေထိုင်ကြစဉ်ကလူသတ်မှုအထိဖြစ်ခဲ့ကြကြောင်း၊လူနည်းစုဖြစ်၍ အခြားမျိုးနွယ်စုများ၏ "မြေနိမ့်ရာလှံစိုက်"ခံရတတ်ကြောင်း၊ဤအကြောင်းတရားများသည်သမိုင်း၌ဘိုးဘွားများကြုံကြိုက်ခဲ့ရသည့်ဖြစ်ရပ်များဖြစ်သည်။
အင်္ဂလိပ်ဗြိတိသျှခေတ်ကာလ(၁၉၃၀) ြည့်နှစ်ဝန်း
ကျင်ကာာလတွင်ခေါင်စိုလူဦးရေ(၁၅၀၀) အောက်သာရှိသည်။လွတ်လပ်ရေးရရှိပြီးကာလ ခေါင်စိုတို့၏ဘာသာစကား၊ယဉ်ကျေးမှုဝတ်စားဆင်ယင်မှုများကိုသမိုင်းမှတ်တမ်းတင်ကြသည်။ ၁၉၆၀/၁၉၆၈/ခုနှစ်များတွင်ခေါင်စိုလူမျိုးတို့၏သမိုင်းကိုဖော်ပြလာကြရာတွင် ခေါင်စိုလူမျိုးတရပ်လုံးကိုမလွှမ်းခြုံနိုင်ကြောင်း၊တွေ့ရသည်။
အထူးသဖြင့်ခေါင်စိုဘာသာစကားကိုမှတ်တမ်းတင်ရာတွင် "အနူးနှင့်ဘာသာစကားတူညီမှုရှိသည် " ဟုဖော်ပြခြင်းသည် သုတေသနပြုဒေတာကောက်ယူသည့်ပညာရှင်များလက်လှမ်းမီသည့် ပလက်ဝအနီးအနားဝန်းကျင် နေရာရှိခေါင်စိုများကိုသာ
ရည်ညွန်းသည်။အဆိုပါ ဒေသတွင်အနုးနှင့်ရောနှော
သွားသောခေါင်စိုများကိုသာမှတ်တမ်းတင်သောကြောင့် နောင်အခါ ဘာသာစကားပဠိပက္ခဖြစ်ပွါးကြကာဘာသာစကားနှစ်မျိုးကိုခေါင်စိုတို့၏ကိုယ်စားပြုဘာသာစကားအဖြစ်သတ်မှတ်ပေးရသည်အထိပဠိပက္ခဖြစ်လာကြသည်။
၂။. လူဦးရေ၊ နေထိုင်သည့်အရပ်ဒေသ
သူတေသနပြုသူများ အလိုအရ လူဦးရေ ၅၀၀၀-၈၀၀၀ ဝန်းကျင်ရှိသည်။ အနီးစပ်ဆုံးခန်းမှန်းကြသည်မှာ(၁၀၀၀၀)ဦးထက်မပို‌သောမျိုးနွယ်စုဟုဆိုကြသည်။
မတူပီမြို့နယ် လွီဗန်၊ဘွေရိန်းကျေးရွာနှင့်ဝန်းကျင်ကျေးရွာများတွင် ခဲင်လတ်၊အဆန်ခေါင်စို ဟုခံယူသည့် ခေါင်စိုမျိုးနွယ်စု ဦးရေ (၃၀၀ ခန့်) တို့နေထိုင်ကြသည်။
ပလက်ဝမြို့နယ်၏မြောက်ဘက်၊အရှေ့မြောက်ဘက်အရပ်ရှိ ကီမိုတောင်ခြေဝန်းကျင်၊မီးချောင်းကမ်းနံ‌ဘေး‌တ‌လျှောက်တွင် အများဆုံးစုဖွဲ့နေထိုင်ကြပြီးလူဦးရေ (၅၀၀၀ ခန့် ) နေထိုင်ကြသည်။ဤဒေသသည် ကီမိုတောင်(ကျောက်ပန်းတောင်) ခြေဝန်းကျင်ဖြစ်သည်။ ချင်းမျိုးနွယ်စုများဖြစ်ကြသောခူမီး၊မတူ၊မရာ၊လီခံန်လီမီ၊ခေါင်တူခေါင်တိုင်နှင့်အတူရောနှောနေထိုင်ကြပြီးရခိုင်ပြည်နယ်နှင့်ထိစပ်လျက်ရှိသည်။ကီတောင်ခြေ၏တောင်ဘက် ရပ်ဒိန်ရွာ၊စိမ်းစန်းရွာ၊နင့်ဆမီးမြို့ဝန်းကျင်ရျိကျေးရွာများတွင် လူဦးရေ (၂၀၀-၃၀၀ ခန့်) ၊ပလက်ချောင်းရှိဟားလာဝရွာနှင့်ဝန်းကျင်ကျေးရွာများတွင် (၂၀၀-၂၅၀ ခန့်) ၊ပြည်တွင်း၏မြို့ရွာများတွင် (၅၀၀-၆၀၀ ခန့်) ၊အိန္ဒိယနိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံများတွင် (၁၀၀၀ခန့်) ၊ဥရောပနှင့်အမေရိကတို့တွင် (၅၀-၁၀၀)ခန့်  ၊ ခန့်မှန်း‌ခြေ( ၇၀၀၀-၈၀၀၀) ရှိမည်ဖြစ်သည်။
ယနေ့လက်ရှိနေရာများ။
ချင်းပြည်နယ်၊ပလက်ဝနှင့်မတူပီမြို့နယ်၏နယ်စပ်မျဉ်းဝန်းကျင်တွင်အများစုနေထိုင်ကြသည်။ရန်ကုန်မြို့နှင့်အခြားမြို့ကြီးများတွင်လည်းပျံ့ရောက်ရှိကြသည်။ နိုင်ငံ၏အိမ်နီးချင်းနိုင်ငံများဖြစ်သည့်မလေးရှား၊ထိုင်း၊စင်္ကာပူတို့တွင်ခေတ်လူငယ်များပြောင်းရွှေ့ကြသည်။ဥရောပနှင့်အမေရိကနိုင်ငံများသို့လည်းမိသားစုဖြင့်ပြောင်းရွှေ့ကြသည်။

မြို့၊ ကျေးရွာ အစုအဝေး
ပလက်နှင့်ဆမီးမြို့သည် ခေါင်စိုလူမျိုးတို့နှင့်နီးစပ်ဆက်နွယ်မှုရှိသည့်မြို့များဖြစ်ကြသည်။ ဤမြို့များတွင်ပြောင်းရွှေ့နေထိုင်ရန်ကြိုးပမ်းကြသည်ကိုတွေ့ရသည်။
မီချောင်းရှိ တိုင်ဝ၊ပါးဝ၊ဘွေဟူး၊ရိန်းရောင်း၊ဆောင်လန်း၊ဂဏန်း၊ယောင်ဝ၊ဗဟန် စသည်ကျေးရွာများတွင်စုည်းနေထိုင်ကြသည်။ ဆမီချောင်း၊ပလက်
ချောင်း၊များရှိ ဝါဒိုင်ကုန်း၊ဟားလာဝ ကျေးရွာများတွင် အခြားချင်းအနွယ်များနှင့်ရောနှောနေထိုင်ကြသည်။ ကီမိုတောင်ခြေ၏တောင်ဘက် ရပ်ဒိန်၊လာမွေ၊စမ်းစန်းကျေးရွာများတွင်လည်းအခြားသူများနှင့်ရောနှောနေထိုင်ကြသည်။လာမွေရွာသည်(၁၉၂၀)ခုနှစ်ဝန်းကျင်ကာလကခေါင်စိုရွာကြီးဖြစ်ခဲ့ဖူးကြောင်း၊ခေါင်စိုရိုးရာဝတ်စုံများကိုမှတ်တမ်းတင်ခဲ့ကြောင်း ၊တွေ့ရသည်။(ယခုအခါလာမွေရွာသည်ရွာပျက်ခဲ့ပြီးဖြစ်သည်)နှပဒါချောင်း၊လိပ်ချောင်းများရှိရွာများ၊အလင်ဝ၊ကျီးဝ၊အညင်းဝ၊စသည့်ဆမီးဝန်းကျင်ရွာများတွင် ပျံ့ကျဲနေထိုင်ကြသည်။

ဓါတ်ပုံများပိုင်ရှင်အားကျေးဇူးတင်ပါသည်။



Comments