၁။ နေရာအရင်းအမြစ်နှင့် သမိုင်းအကျဉ်း
မူလဘိုးဘွားတို့နေရာ / နေထိုင်ရာဒေသ
တွီဗင်ပြည်သည် မူလနေထိုင်ရာဒေသဖြစ်သည်ဟု
နှုတ်ရာဇဝင်ကျန်ရစ်ခဲ့သဖြင့် ခေါင်စိုတို့၏ ပေါက်ဖွားရာဒေသမှာတိဗဘ်ကုန်းမြင့်ဖြစ်မည်ဟုခန့်မှန်းရမည်။ ခေါင်စိုတို့သည် ချင်းအနွယ်ဖြစ်ခြင်း၊ဆင်းသက်ပုံသည်လည်းချင်းမျိုးစုများနှင့်တူညီခြင်း၊ချင်းမျိုးနွယ်စုတို့သည် တိဗက်-မြန်မာ အုပ်စုဖြစ်ခြင်းစသည်တို့ကြောင့် ခေါင်စို တို့၏မူရင်းဒေသမှာ တိဗက်ဒေသဖြစ်ရပါမည်။
အရင်းအမြစ်ပေါ်ပေါက်လာပုံ
တိဗက်ဒေသနေစဉ်အခါ (သို့) ရှေးသောကာလတစ်ချိန်ထခါတွင် ရေမင်းလွှမ်းမိုးခံရ၍ ပြောင်းရွှေ့လာကြသည်ဟုနှုတ်သမိုင်းရှိသည်။ တချို့ကဒေသမငြိမ် မသက်ဖြစ်ခြင်းကြောင့် ပြောင်းရွှေ့ကြသည်ဟုဆိုကြသည်။ထိုတွီဘင်မှကျောက်ဂူထဲတွင် နှစ်ကာလရှည်ကြာစွာ မျိုးတူစုအလိုက် ပုန်းအောင်းနေထိုင်ခဲ့ကြသည့်ခေါင်စိုလူမျိုးနွယ်စုဟုဆိုကြသည်။သမိုင်းအထောက်အထားကားယနေ့တိုင်ထောက်ပြမရသေးချေ။
နယ်မြေပြောင်းရွှေ့မှု သမိုင်း
ချင်းလူမျိုးများပြောင်းရွှေ့မှုနှင့်အတူတူပင်ဖြစ်သည်ဟုဆိုရမည်ဖြစ်သည်။ ချင်းသမိုင်းများအလိုအရ ခေါင်စိုတို့သည် ချင်းအနွယ်ဖြစ်ပြီး ပလက်ဝဒေသသို့ ပထမအသုတ်ဝင်ရောက်သည့်အုပ်စုဖြစ်သည်။
နယ်မြေပြောင်းသည့်သမိုင်းလမ်းကြောင်းသည်
တွီဘင်ဒေသမှချင်းတောင်တန်းလမ်းကြောင်းကိုကားမသိကြတော့ပေ။ ချင်းတောင်တန်းပေါ်တွင် ချင်းအနွယ်များနှင့်အတူရောက်ရှိနေထိုင်ကြသည်။ အေဒီ(၁၄)တွင်ချင်းတောင်သို့ညီအစ်ကိုချင်းတို့နှင့်အတူရောက်လြာကြပြီးနှစ်ပေါင်း၃၀၀-၄၀၀ကြာ ချင်းတောင်တန်းပေါ်ပြောင်းရွှေ့ကျင်လည်ခဲ့ကြပြီးပလက်ဝဒေသတွင်( ၁၇)ရာစုနှောင်းပိုင်း(သို့)( ၁၈)ရာစု အစောပိုင်းကာလ၌ဝင်ရောက်ကြောင်းအတည်ပြရမည်။ချင်းတောင်မှ ပလက်ဝဒေသသို့ခေါင်စိုတို့ဆင်းသက်လာသည့်လမ်းကြောင်း(၂)ကြောင်းဖြစ်သည်။
(၁)ကုလားတန်မြစ်ဖျားမှဆင်းလာသည့်ထမ်းကြောင်း။
ဤလမ်းကြောင်းသည် အိန္ဒိယနယ်စပ်အနီးမျဉ်းမှ ကုလားတန်မြစ်ဖျား ရှင်းလက်ချောင်းမှမြစ်အတိုင်း စုန်ဆင်းလာသည့်လမ်းကြောင်းဖြစ်သည်။လူနည်းစုအုပ်စုဖြစ်ပြီးမိမိတို့ကိုယ်ကိုအဆန်ဟုခံယူကြသည်။
ပလက်ဝမြို့အနီးဝန်းကျင်ထိရောက်ရှိနေထိုင်ကြသည်။
(၂ )ဆမီးချောင်းမှဝင်လာသည့်လမ်းကြောင်း။
မတူပီမြို့နယ်၏တောင်၊အနောက်တောင်ဘက်ရှိတောင်တန်းများမှပလက်ဝမြို့နယ်၏မြောက်ဘက် ရှိတောင်တန်းများသို့ လာဥချောင်းကဒီချောင်း(လင်တီ) ချောင်းမှတဆင့် တောင်ကြောများကိုဖြတ်၍
ဆမီးချောင်းသို့ဝင်လာကြသည်။အများအုပ်စုဖြစ်ပြီးတချို့မတူပီတောင်တန်းများ၌ကျန်ရစ်သည်။မိမိတို့ကိုယ်ကိုအဆန်ခေါင်စို၊ ခင်လံတ်ဟုခံယူကြသည်။
သမိုင်းကြောင်းထဲက အရေးကြီးဖြစ်ရပ်များ
ခေါင်စိုမျိုးနွယ်စုတို့သည် အခြားသူများ၏အခွန်အတုတ်ကောက်ခံမှုကြောင့်အတည်တကျအခြေမချနိုင်ကြကြောင်း၊ဆမီးချောင်းထဲနေထိုင်ကြစဉ်ကလူသတ်မှုအထိဖြစ်ခဲ့ကြကြောင်း၊လူနည်းစုဖြစ်၍ အခြားမျိုးနွယ်စုများ၏ "မြေနိမ့်ရာလှံစိုက်"ခံရတတ်ကြောင်း၊ဤအကြောင်းတရားများသည်သမိုင်း၌ဘိုးဘွားများကြုံကြိုက်ခဲ့ရသည့်ဖြစ်ရပ်များဖြစ်သည်။
အင်္ဂလိပ်ဗြိတိသျှခေတ်ကာလ(၁၉၃၀) ြည့်နှစ်ဝန်း
ကျင်ကာာလတွင်ခေါင်စိုလူဦးရေ(၁၅၀၀) အောက်သာရှိသည်။လွတ်လပ်ရေးရရှိပြီးကာလ ခေါင်စိုတို့၏ဘာသာစကား၊ယဉ်ကျေးမှုဝတ်စားဆင်ယင်မှုများကိုသမိုင်းမှတ်တမ်းတင်ကြသည်။ ၁၉၆၀/၁၉၆၈/ခုနှစ်များတွင်ခေါင်စိုလူမျိုးတို့၏သမိုင်းကိုဖော်ပြလာကြရာတွင် ခေါင်စိုလူမျိုးတရပ်လုံးကိုမလွှမ်းခြုံနိုင်ကြောင်း၊တွေ့ရသည်။
အထူးသဖြင့်ခေါင်စိုဘာသာစကားကိုမှတ်တမ်းတင်ရာတွင် "အနူးနှင့်ဘာသာစကားတူညီမှုရှိသည် " ဟုဖော်ပြခြင်းသည် သုတေသနပြုဒေတာကောက်ယူသည့်ပညာရှင်များလက်လှမ်းမီသည့် ပလက်ဝအနီးအနားဝန်းကျင် နေရာရှိခေါင်စိုများကိုသာ
ရည်ညွန်းသည်။အဆိုပါ ဒေသတွင်အနုးနှင့်ရောနှော
သွားသောခေါင်စိုများကိုသာမှတ်တမ်းတင်သောကြောင့် နောင်အခါ ဘာသာစကားပဠိပက္ခဖြစ်ပွါးကြကာဘာသာစကားနှစ်မျိုးကိုခေါင်စိုတို့၏ကိုယ်စားပြုဘာသာစကားအဖြစ်သတ်မှတ်ပေးရသည်အထိပဠိပက္ခဖြစ်လာကြသည်။
၂။. လူဦးရေ၊ နေထိုင်သည့်အရပ်ဒေသ
သူတေသနပြုသူများ အလိုအရ လူဦးရေ ၅၀၀၀-၈၀၀၀ ဝန်းကျင်ရှိသည်။ အနီးစပ်ဆုံးခန်းမှန်းကြသည်မှာ(၁၀၀၀၀)ဦးထက်မပိုသောမျိုးနွယ်စုဟုဆိုကြသည်။
မတူပီမြို့နယ် လွီဗန်၊ဘွေရိန်းကျေးရွာနှင့်ဝန်းကျင်ကျေးရွာများတွင် ခဲင်လတ်၊အဆန်ခေါင်စို ဟုခံယူသည့် ခေါင်စိုမျိုးနွယ်စု ဦးရေ (၃၀၀ ခန့်) တို့နေထိုင်ကြသည်။
ပလက်ဝမြို့နယ်၏မြောက်ဘက်၊အရှေ့မြောက်ဘက်အရပ်ရှိ ကီမိုတောင်ခြေဝန်းကျင်၊မီးချောင်းကမ်းနံဘေးတလျှောက်တွင် အများဆုံးစုဖွဲ့နေထိုင်ကြပြီးလူဦးရေ (၅၀၀၀ ခန့် ) နေထိုင်ကြသည်။ဤဒေသသည် ကီမိုတောင်(ကျောက်ပန်းတောင်) ခြေဝန်းကျင်ဖြစ်သည်။ ချင်းမျိုးနွယ်စုများဖြစ်ကြသောခူမီး၊မတူ၊မရာ၊လီခံန်လီမီ၊ခေါင်တူခေါင်တိုင်နှင့်အတူရောနှောနေထိုင်ကြပြီးရခိုင်ပြည်နယ်နှင့်ထိစပ်လျက်ရှိသည်။ကီတောင်ခြေ၏တောင်ဘက် ရပ်ဒိန်ရွာ၊စိမ်းစန်းရွာ၊နင့်ဆမီးမြို့ဝန်းကျင်ရျိကျေးရွာများတွင် လူဦးရေ (၂၀၀-၃၀၀ ခန့်) ၊ပလက်ချောင်းရှိဟားလာဝရွာနှင့်ဝန်းကျင်ကျေးရွာများတွင် (၂၀၀-၂၅၀ ခန့်) ၊ပြည်တွင်း၏မြို့ရွာများတွင် (၅၀၀-၆၀၀ ခန့်) ၊အိန္ဒိယနိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံများတွင် (၁၀၀၀ခန့်) ၊ဥရောပနှင့်အမေရိကတို့တွင် (၅၀-၁၀၀)ခန့် ၊ ခန့်မှန်းခြေ( ၇၀၀၀-၈၀၀၀) ရှိမည်ဖြစ်သည်။
ယနေ့လက်ရှိနေရာများ။
ချင်းပြည်နယ်၊ပလက်ဝနှင့်မတူပီမြို့နယ်၏နယ်စပ်မျဉ်းဝန်းကျင်တွင်အများစုနေထိုင်ကြသည်။ရန်ကုန်မြို့နှင့်အခြားမြို့ကြီးများတွင်လည်းပျံ့ရောက်ရှိကြသည်။ နိုင်ငံ၏အိမ်နီးချင်းနိုင်ငံများဖြစ်သည့်မလေးရှား၊ထိုင်း၊စင်္ကာပူတို့တွင်ခေတ်လူငယ်များပြောင်းရွှေ့ကြသည်။ဥရောပနှင့်အမေရိကနိုင်ငံများသို့လည်းမိသားစုဖြင့်ပြောင်းရွှေ့ကြသည်။
မြို့၊ ကျေးရွာ အစုအဝေး
ပလက်နှင့်ဆမီးမြို့သည် ခေါင်စိုလူမျိုးတို့နှင့်နီးစပ်ဆက်နွယ်မှုရှိသည့်မြို့များဖြစ်ကြသည်။ ဤမြို့များတွင်ပြောင်းရွှေ့နေထိုင်ရန်ကြိုးပမ်းကြသည်ကိုတွေ့ရသည်။
မီချောင်းရှိ တိုင်ဝ၊ပါးဝ၊ဘွေဟူး၊ရိန်းရောင်း၊ဆောင်လန်း၊ဂဏန်း၊ယောင်ဝ၊ဗဟန် စသည်ကျေးရွာများတွင်စုည်းနေထိုင်ကြသည်။ ဆမီချောင်း၊ပလက်
ချောင်း၊များရှိ ဝါဒိုင်ကုန်း၊ဟားလာဝ ကျေးရွာများတွင် အခြားချင်းအနွယ်များနှင့်ရောနှောနေထိုင်ကြသည်။ ကီမိုတောင်ခြေ၏တောင်ဘက် ရပ်ဒိန်၊လာမွေ၊စမ်းစန်းကျေးရွာများတွင်လည်းအခြားသူများနှင့်ရောနှောနေထိုင်ကြသည်။လာမွေရွာသည်(၁၉၂၀)ခုနှစ်ဝန်းကျင်ကာလကခေါင်စိုရွာကြီးဖြစ်ခဲ့ဖူးကြောင်း၊ခေါင်စိုရိုးရာဝတ်စုံများကိုမှတ်တမ်းတင်ခဲ့ကြောင်း ၊တွေ့ရသည်။(ယခုအခါလာမွေရွာသည်ရွာပျက်ခဲ့ပြီးဖြစ်သည်)နှပဒါချောင်း၊လိပ်ချောင်းများရှိရွာများ၊အလင်ဝ၊ကျီးဝ၊အညင်းဝ၊စသည့်ဆမီးဝန်းကျင်ရွာများတွင် ပျံ့ကျဲနေထိုင်ကြသည်။
![]() |
| ဓါတ်ပုံပိုင်ရှင်အားကျေးဇူးတင်သည်။ |
Paletwa and Sami are larger town with only a few Khongso living there. Their villages are listed follows:1. Youngwa Village2. Kanan Village3. Saung Lan Village4. Pawa Village5. Ring Rong Village6. Tengwa Village7. Phongphai Village8. Halawa Village9. Likkung Village10.Vadengkung Village11. Pahungtaung Village12. Shwe Pyi Kaung Village13.Pahang Village14. Kanlawa Village15. Sami Town16. Paletwa Town.




Comments
Post a Comment
Academic and respectful comments only. Inappropriate content will be removed.