၃။ ဘာသာစကား
မူလဘာသာစကားနာမည်။
ရှေးကာလအခါ ခေါင်စိုစကားသည် ငှက်ဖင်နီ၏ (Thangbae) စကားဖြစ်သည်ဟုဆိုသည်။၎င်းငှက်ငယ်၏စကားသံအဆုံးတွင်" bae" ဘေ၊ ဘယ်၊အဲအသံ၊(ae)အသံဖြင့်ဆုံးသည်။ခေါင်စိုစကားသံသည်လည်း ထိုသို့ဖြစ်သည်။အနူးလူမျိုး၏စကားသံသည်ကျီးကန်းငှက်၏အဆုံးစကားသံ "အား,Aa"ဖြစ်သည်ဟုဆိုသည်။ဤတွင်အနူးနှင့်ခေါင်စိုတို့၏ဘာသာ
စကားကို ကွဲပြားစေရန်နီုင်းယှဉ်ခြင်းဖြစ်သည်။
သို့ဆိုလျှင် အဆန်(ခေါင်စို) စကားသံသည် ငှက်ဖင်နီ၏ စကားသံဖြစ်သောကြောင့် ရှေးမူလခေါင်စိုစကားဟုသိရသည်။ ယနေ့ကာလတွင် ခေါင်စိုချင်းချင်းတို့ ဆယ်စုနှစ်တစ်ခုကြာဘာသာစကားပဠိပက္ခဖြစ်ကြပြီးနောက် ခေါင်စိုလူမျိုးကိုယ်စားပြုဘာသာစကားအဖြစ် အဆန်(ခေါင်စို) စကား(မတု၊ခူမီးစကားနှင့်တူ)နှင့် ခေါင်စိုစကား(အနူးနှင့်စကားတူ) တို့ကိုသဘောတူညီထားကြသည်။
စကားလုံး/အသံထွက်ပုံ
ခေါင်စိုလူမျိုးကိုယ်စားပြုဘာသာစကားတစ်ခုဖြစ်သောအဆန်(ခေါင်စို) စကားလုံများသည်
အင်္ဂလိပ်အက္ခရာ စကားလုံးများကိုအခြေခံအသုံးပြုထားသည်။
၁။ အခြေခံသရများ (Basic Vowels)
အင်္ဂလိပ်စာကဲ့သို့ *A, E, I, O, U ဟူ၍သရ (၅) လုံးရှိသည်။ ဤသရများတွင်**အသံတို (short sound)** နဲ့ *အသံရှည် (long sound)ဟူ၍နှစ်မျိုးရှိသည်။
| သရ | အသံတို (Short Vowel) | ဥပမာ | အသံရှည် (Long Vowel) | ဥပမာ |
| :--- | :--- | :--- | :--- | :--- |
| **A** | "အ" သံတို ( **pa) (အဖေ) | "အာ" သံရှည် | **p**a**par** (ဖေဖေ) |
| **E** | "အဲ" သံတို | ****et** (ခွါသည်) | "အေ" သံရှည် | **ka**bhe* (အပူ) |
| ** I** | "အီ" သံတို | **ih** (အိပ်သည်) | "အီ" သံရှည် | **ta* khii** (လေ) |
| **O** | "အို့" သံတို (oh |(ရှိသည်) | "အို" သံရှည် | **ang**pho (နွမ်းနယ်သည် |
| **U** | "အု" သံတို | **ut* (မြုပ်သည်) | "အူ" သံရှည် | **tuu**(သစ်တော/သိုး) |
**မှတ်ချက်** - အသံရှည်ဖြစ်ရန်သရတူနှစ်လုံးဆက်ရေးနိုင်သည်။
#၂။ **သရတွဲများ (Diphthongs)**
သရနှစ်မျိုးပေါင်းစပ်ပြီး အသံသစ်ထွက်သည့်စကားလုံးများ။
| သရတွဲ | အသံထွက် | ဥပမာ |
| :--- | :--- | :--- |
| **ai** | "အိုင်း" | **kai**(ကျွန်ုပ်) - "" |
| **ae** | "အေ" | **m**ae (တစ်ခု/တောင်) ဝါကျကိုတည်၍အသံနှင့်အဓိပ္ပာယ်ပြောင်းလဲ) နှီး၊ဟုလည်းအဓိပ္ပယ်ရသေးသည်။
| **au** | "အော" | **N**au**t** (နုသည်ပျောသည်) - |
| **aw** | "အော်" | **t**aw (တောထဲတောင်ထဲ) - သရနှင့်ဗျည်းတွဲသည့် သရဖြစ်သည် |
| **Ue** | "မြန်မာသံ၌မရှိ" | **t**uem**uer** (အသံဟိန်းနေသည်) - |
**Ui** | "အွီ" | **ui**/ tui (ခွေး/ ရေ) -
| **oe** | "မြန်မာသံ၌မရှိ" | **kh**oe** h(ခိုင်ခံ့သည်) - | To-e ဟုရေးလျှင်(တို့ အေ)ဟုအသံထွက်ပြီး သို့သော်ဟုအဓိပ္ပာယ်ရှိ။
**oi** | "အွေး" | **ka***oi** (လွမ်းဆွတ်မြည်တမ်းသည်) - |
| **oa** | "အော" | ** (au နှင့်ဖလှယ်သုံးနိုင်သည်။ loa [nang loa]-သင်သည်၊ loa =သည်/ဟာ]ဟုအသံထွက်ပါသည်။
၃။ **ကြိယာနေရာထားသိုမှု (Verb Placement)**
ကြိယာ၏နေရာသည် ဝါကျအမျိုးအစားပေါ် မူတည်ပြီး ပြောင်းလဲပါသည် ။ယေဘုယျအားဖြင့်ကြိယာအဆုးပုံစံဟုမှတ်သားရနိုင်သည်။
* **သာမန်ဝါကျ (Main Clause - ကြိယာအဆုံး
*Kai buh cak.ငါထမင်းစားတယ်။
* Kai khawnbuh cak tahae.ငါမနက်စာစားနေတာ။
ဝါကျပုံစံမှာ[ sub+ obj+ verb.]
* Nopa cae lawk ah khawnthawdhet cae o .(ဖေမေတို့ တောင်ယာကို စောစောသွားကြတယ်။ဝါကျပုံစံမှာ-[ sub+ place +time+ verb ...]
* **အမိန့်ပေးဝါကျ (Imperative - ကြိယာကအစ)**
* Cak karang (မြန်မြန်စား)(verb+adverb)
* Caeh hmahloeh[ရှေ့ကသွား](verb+ pre.)
* အမှီဝါကျ(subordinate clause structure )
*Ngam nat cadoeh buh kacak.[ဖျားသော်လည်းငါထမင်းစားတယ်။
[ Main Clause +conj- +sub+verb]
*Kho angzoh pongah hlawk caeh thai ai.[ မိုးရွာသောကြောင့်တောင်ယာမသွားနိုင်။
[Main Clause + conj- + sub+ verb... ]
* ဝါကျကိုတည်၍ အသံထွက်ပုံ၊စကားသံ ချိတ်ဆက် ကာအဓိပ္ပာယ်ပေါ်လွင်အောင်ရေးသားသည်။ ပေါင်းသင်းဆက်ဆံရေးစကားပြောရာတွင်ပြောဆိုသူတို့၏မိမိအဖြစ်ကိုပြောသည့် အပြောကိုဖော်ပြပါသည်။
(၁,) Hu ah Ka caeh toeng bae (ထိုနေရာကို တို့လည်းသွားပါတယ်)
Hu ah =ဟိုမှာ၊ ka caeh =သွားတယ်၊toeng=လည်း(သော်လည်းမဟုတ်ပါ)bae=အာလုတ်စကား(ထည့်သုံးခြင်းဖြင့်ယဉ်ကျေး၊မသုံးလျှင် ပြောသူ၏အသံပေါ်မူတည်၍အရိုင်းဘက်ညွတ်နိုင်)
(၂) Ngamtui o boih bae.(အားလုံးနေကောင်းကြပါတယ်), o boih=အားလုံး -ကြတယ်၊ngamtui =နေကောင်း၊
(၃) Nang tahan ka kanawh pae moa ang paek caloi bae (နင့်အတွက် တောင်းပန်ပေးလိုက်လို့ မျှပေးရှာပါတယ်။ nang=သင်၊tahan=အတွက်၊Kanawh pae=တောင်းဆိုတောင်းပန်ပေး,၊ moa=သောကြောင့် ။ angpaek=ပေးတယ်
caloi =ပေး--ရှာတယ်။
ဤသရနှင့်သရတွဲများ၏အသံကိုမှန်ကန်စွာအသံထွက်ဆိုနိုင်လျှင်၊ဝါကျပုံစံများကိုသတိပြုလျှင် အဆန်(ခေါင်စို) ဘာသာစကားလေ့လာရာတွင်အကူအညီဖြစ်စေပါမည်။
Comments
Post a Comment
Academic and respectful comments only. Inappropriate content will be removed.