၃။ ဘာသာစကား
မူလဘာသာစကားနာမည်
ရှေးကာလအခါ ခေါင်စိုစကားသည် ငှက်ဖင်နီ၏ (Thangbae) စကားဖြစ်သည်ဟုဆိုသည်။၎င်းငှက်ငယ်၏စကားသံအဆုံးတွင်" bae" ဘေ၊ ဘယ်၊အဲအသံ၊(ae)အသံဖြင့်ဆုံးသည်။ခေါင်စိုစကားသံသည်လည်း ထိုသို့ဖြစ်သည်။အနူးလူမျိုး၏စကားသံသည်ကျီးကန်းငှက်၏အဆုံးစကားသံ "အား,Aa"ဖြစ်သည်ဟုဆိုသည်။ဤတွင်အနူးနှင့်ခေါင်စိုတို့၏ဘာသာ
စကားကို ကွဲပြားစေရန်နီုင်းယှဉ်ခြင်းဖြစ်သည်။
သို့ဆိုလျှင် အဆန်(ခေါင်စို) စကားသံသည် ငှက်ဖင်နီ၏ စကားသံဖြစ်သောကြောင့် ရှေးမူလခေါင်စိုစကားဟုသိရသည်။ ယနေ့ကာလတွင် ခေါင်စိုချင်းချင်းတို့ ဆယ်စုနှစ်တစ်ခုကြာဘာသာစကားပဠိပက္ခဖြစ်ကြပြီးနောက် ခေါင်စိုလူမျိုးကိုယ်စားပြုဘာသာစကားအဖြစ် အဆန်(ခေါင်စို) စကား(မတု၊ခူမီးစကားနှင့်တူ)နှင့် ခေါင်စိုစကား(အနူးနှင့်စကားတူ) တို့ကိုသဘောတူညီထားကြသည်။
Original Tongue.
In ancient times, it was said that the Khongso language was the speech of the little bird (a red bird )Thangbae. The call of this bird, it is told, always ends with the sound ‘bae’—rendered as be, bae, or ae. The tones of the Khongso tongue likewise come to rest in such sounds.
By contrast, the speech of the Anu people was likened to the crow, whose cry ends in a long ‘aa’. Thus, in olden days, these comparisons were drawn to distinguish the Khongso tongue from that of the Anu. It followed, then, that the Asang Khongso speech, bearing the sound of the Thangbae bird, was regarded as the original Khongso language.
In more recent times, however, disputes arose among the Khongso themselves over which tongue should rightly represent their people. After a decade of contention, agreement was finally reached: the Khongso would recognize two representative languages—
1. the Asang Khongso tongue (closely related to the Matu and Khumi languages), and
2. the Khongso speech resembling that of the Anu.
Thus, both forms came to stand side by side as the languages of the Khongso.”**

Comments
Post a Comment
Academic and respectful comments only. Inappropriate content will be removed.