ခေါင်စိုသမိုင်းစာများ။zaletnwe
ကလေးမျက်နှာပွဲခြင်းယဉ်ကျေးမှု
(hmaisa- ae kaek)
ကလေးငယ်(၃)လသားအရွယ်ရောက်သောအခါ (သို့မဟုတ်) တနယ်တကျေးတွင်နေရသဖြင့်ခရီးလမ်းပန်းဝေးလံခက်ခဲလျှင် ကလေး(၁)နှစ်အရွယ်ရောက်သောအခါ ဇနီး(ကလေးမိခင်) ၏မိဘနေအိမ်သို့ လှံတစ်ချောင်း၊ကြက်(၃)ကောင်မှ (၅)ကောင်၊မုန့်ဖက်ထုပ်တို့ကိုယူဆောင်ရသည်။ယောက္ခမ နေအိမ်သို့ရောက်သောအခါ အဘိုးအဘွားနှစ်ပါးတို့သည် မီးဖိုထက်မှပြာမှုန့်ကိုလက်ညိုးဖြင့်တို့ယူကာ ကလေးငယ်၏နဖူး၊ငယ်ထိပ်ကိုပြာမှုန့်စွဲသည့်လက်ညိုးဖြင့် တို့ထိ၍ဆီးကြိုကောင်းချီးပေးရသည်။
ထို့အခါ အသင့်သိုထားနှင့်သည့် ခေါင်ရည်အိုးများဖေါက်၍ရပ်ရွာထဲမှလူကြီးမိဘများနှင့်ပျော်ရွှင်စွာစားသောက်ကြသည်။၎င်း(hmaisa- ae kaek tahan )အတွက်အသင့်မွေးမြူထားသည့် ဝက်ကြီးဝက်ငယ်ကိုသတ်ကာ လူထုအားကျွေးမွေးရသည်။အမှုအရာတို့ပြီးစီ၍မိမိနေရပ်သို့ပြန်လာရသောအခါ အဘိုးနှင့်အဘွားတို့သည် ကလေး၏ကျောပြင်ကို ဝက်သွေးနှင့်ဆန်ရေစိမ်(ဆန်နှစ်ထားသည့်ရေ)ဖြင့်ပွတ်လိမ်းကာ လူလားမြောက်၍သက်ရှည်ကျန်းမာရန်ဆုတောင်းကောင်းကြီးစကားမြွက်ဆိုကြသည်။
ကလေးမျက်နှာပြရသည့်အမှုအရာသည် ကလေးတစ်သက်တွင်တစ်ကြိမ်တခါပြုကြရသည့်(hmaisa- ae kaek cangni tui pazuh)ကောင်းချီးမင်္ဂလာခံယူခြင်းဖြစ်သောကြောင့်ဤအမှုကိုမပြုလျှင်ကလေး၏"တင်သားပိန်ချုံးတတ်သည်""(Talaetabu zek) ဟုခံယူကြသည်။ကောင်းကြီးမင်္ဂလာ မရှိမရဟုဆိုလိုသည်။ကလေးငယ်အားကောင်းကြီးပေးရသည့်အဘိုးအဘွား(ယောက္ခမ)တို့သက်ရှိထင်ရှားမရှိတော့လျှင် ဇနီးမယား၏မောင်ဖားများကတာဝန်ယူကြရသည်။




Comments
Post a Comment
Academic and respectful comments only. Inappropriate content will be removed.