Community Agreement on the Khongso Language.

Community Agreement on Khongso language 

1. Background

ခေါင်စို (Khongso) လူမျိုးနွယ်စုသည် မြန်မာနိုင်ငံ ချင်းပြည်နယ်အတွင်း နေထိုင်လာခဲ့သော လူမျိုးနွယ်စုတစ်ခုဖြစ်ပါသည်။

အပြင်ပညာရှင်များနှင့် ဘာသာဗေဒဆိုင်ရာ မှတ်တမ်းများတွင် ခေါင်စိုဘာသာစကားကို

တစ်မျိုးတည်းအဖြစ် သတ်မှတ်ဖော်ပြထားသော အခြေအနေများရှိနေပါသည်။

သို့သော် လက်ရှိခေါင်စိုလူထုအတွင်းတွင်

ဘာသာစကားအသုံးအနှုန်း၊ အသံထွက်နှင့် လူမှုအသုံးပြုမှုအပေါ် မူတည်၍

ဘာသာစကားအမျိုးအစား ၂ မျိုးကို ခွဲခြားသဘောတူလက်ခံထားကြောင်း

လူထုအတွင်း၌ ကျယ်ပြန့်စွာ လက်ခံထားပြီး ဖြစ်ပါသည်။

ဤစာတမ်းကို ခေါင်စိုလူထု၏ အတွင်းရေးအမြင်ကို

မှန်ကန်စွာ မှတ်တမ်းတင်ရန် ရည်ရွယ်၍ ရေးသားထားပါသည်။

. Background 

The Khongso people are an ethnic community residing in Chin State, Myanmar.

In several external linguistic and academic sources, the Khongso language has been described as a single language variety.

However, within the Khongso community itself, there is a widely shared understanding that two distinct language varieties exist, based on differences in speech forms, usage, and community recognition.

This document is created to formally record the internal community perspective and to present it as a reference for language documentation and research.

2. Community Position

ဘာသာစကားအပေါ် လူထုသဘောထား။

Language varieties ဘယ်လိုသဘောတူထားလဲ။

ခေါင်စိုလူထုအတွင်း သဘောတူထားသော အမြင်မှာ—

ခေါင်စိုလူမျိုးအတွင်း ဘာသာစကားအသုံးအနှုန်း ၂ မျိုး(ခေါင်စိုလူမျိုးကိုယ်စားပြုအဆန်(ခေါင်စို)ဘာသာစကားနှင့် ခေါင်စိုလူမျိုးကိုယ်စားပြု ခေါင်စိုဘာသာစကား) ရှိသည်ဟု သဘောတူထားကြသည်။

ယင်းဘာသာစကားအမျိုးအစားများကို လူထုအတွင်း အပြန်အလှန် နားလည်သုံးစွဲနေကြသည်။

အဆိုပါ ခွဲခြားသဘောထားသည် လူထု၏ လက်ရှိအသုံးအနှုန်းနှင့် အလေ့အကျင့်အပေါ် အခြေခံထားခြင်းဖြစ်သည်။

ဤအမြင်သည် ပြင်ပမှ သတ်မှတ်ထားသော classification များနှင့် မတူကွဲပြားနိုင်ပါသည်။

ဤသဘောထားသည် လူတစ်ဦးချင်း၏ အမြင်မဟုတ်ဘဲ

ခေါင်စိုလူထုအတွင်း အများစုက လက်ခံထားသော သဘောတူညီချက်ဖြစ်ပါသည်။

Community Position .

The Khongso community shares the following understanding:

There are two recognized language varieties within the Khongso community

These varieties are mutually understood and actively used within the community

The distinction is based on lived linguistic practice rather than external classification

This community perspective may differ from classifications found in external academic or linguistic databases

This position reflects a collective community understanding, not an individual opinion.

3. Purpose.

ဤ Community Agreement ကို—

ခေါင်စိုလူထု၏ ဘာသာစကားအမြင်ကို မှတ်တမ်းတင်ရန်

Linguists နှင့် researchers များအတွက် community-based reference အဖြစ် အသုံးပြုနိုင်ရန်

ISO 639, Glottolog နှင့် အခြား language documentation projects များအတွက်

လူထုအမြင်ကို သိရှိစေရန်

ရည်ရွယ်၍ ရေးသားထားပါသည်။

Purpose .

This agreement is intended to:

Document the Khongso community’s own understanding of their language

Serve as a community-authored reference for linguists and researchers

Contribute community perspectives to language documentation efforts, including ISO 639 and Glottolog.

4. Agreement Statement
“This document reflects the shared understanding of the Khongso community…”
ဤစာတမ်းတွင် ဖော်ပြထားသော အချက်အလက်များသည်
ခေါင်စိုလူထုအတွင်း လက်ရှိ သဘောတူထားသော
ဘာသာစကားဆိုင်ရာ အမြင်များကို ကိုယ်စားပြုဖော်ပြထားခြင်းဖြစ်ပါသည်။
ဤစာတမ်းကို ခေါင်စိုလူထု၏ သဘောတူညီချက်အဖြစ်
community-based documentation အတွက် အသုံးပြုနိုင်ပါသည်။
This document represents the current shared understanding of the Khongso community regarding their language.
It may be used as a community-based reference for linguistic and ethnographic documentation.

Signatories / Community Witnesses
၁။ အမည်  _ ထန်းလောင်
အခန်းကဏ္ဍ  - ဥက္ကဌ/ခေါင်စိုလူမှုရေးအသင်း/
ခေါင်စိုလူမျိုးကိုယ်စားပြုအဆန်(ခေါင်စို) စာပေနှင့် ယဉ်ကျေးမှုကော်မတီ။
ရွာ / ဒေသ /: ဂဏန်းရွာ၊မီးချောင်း၊ဆမီးချောင်း၊လာဥကဒီ‌ချောင်း၊ ပလက်ဝမြို့နယ်၊မတူပီမြို့နယ်၊ ချင်းပြည်နယ်,မြန်မာ။
နေ့စွဲ : ၂၄/၃/၂၀၁၄
လက်မှတ် /သက်သေများ- ထန်းလောင်၊
ပြည်ယိုး၊ဝှေ့ပ၊စနေအောင်။
၂။ အမည်  _ ကျော်ကျော်
အခန်းကဏ္ဍ - တာဝန်ခံ/ခေါင်စိုလူမျိုးကိုယ်စားပြု ခေါင်စိုစာပေ နှင့်ယဉ်ကျေးမှုကော်မတီ။
ရွာ / ဒေသ - ယောင်ဝရွာ၊မီးချောင်း၊ပလက်ချောင်း ပလက်ဝမြို့နယ်၊ချင်းပြည်နယ်၊မြန်မာ။
နေ့စွဲ  _ ၂၄/၃/၂၀၁၄
လက်မှတ် ၊သက်သေများ :  ကျော်ကျော်၊ ပြည်ယိုး၊စနေအောင်၊ဝှေ့ပ။

1. Name:  Than Long
   Role:  president/ Khongso social organisation, Asang (Khongso) literature and culture committee.
Village / Area:  Kanan,Mi river,Samee river and La ut- Kadi River, Paletwa Township and Matupi Township, Chin State,Myanmar .
   Date:  24/3/2014
2. Name:  Kyaw Kyaw
   Role:  president/ Khong literature and culture committee.
   Village / Area: Youngwa,Mi River and Palet chaung River, Paletwa Township, Chin State Myanmar .
   Date:  24/3/2014

        နှစ်ဦးနှစ်ဖက်သဘောတူစာချုပ်
ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊မတ်လ ၂၄ရက်
၁။ပလက်ဝမြို့နယ်၊ဆမီးမြို့နယ်ခွဲ၊တိုင်ဝအုပ်စု၊ဂဏန်းရွာခေါင်စိုစာပေကော်မတီဥက္ကဌဦးထန်းလောင်မှပါးဝရွာနေ Rev.ထန်နွဲ့၊ ယောင်ဝရွာနေ ဦးပြေမင်း၊ ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ် အမှတ်(၄၉၄)၊
အလယ်ရွာ(၂၂ ရပ်ကွက်)နေ ဦးကျော်ကျော်တို့အား နိုင်ငံခြားသားအလှူရှင်အားကိုးမှုဖြင့် လူမျိုးခွဲခြား
သတ်မှတ်၍စာပေပြုလုပ်ခြင်းအားအရေးယူပေးပါရန်တိုင်ကြားစာအပေါ်ချင်းပြည်နယ်အစိုးရအဖွဲ့၊
ဟားခါး၏၂၇-၁- ၂၀၁၄ ရက်စွဲပါစာအမှတ် 
၃/၆-၃၃(၀၈)/ဦး၃ ဖြင့်စိစစ်စစ်ဆေးပြီးအစီရင်ခံစာ
တင်ပြရေးညွန်ကြားလာခဲ့ပါသည်။ဦးထန်းလောင်ပါအဖွဲ့ဝင်များနှင့်ဦးကျော်ကျော်၊ဦးထန်နွဲ့၊ဦးပြေမင်း
ပါအဖွဲ့ဝင်များကလူမှုရေးအရညှိနှုင်းဖြေရှင်းလိုကြောင်းတင်ပြချက်အရ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး
၊ပလက်ဝမြို့တွင်စစ်ဆေးရေးအဖွဲ့ရှေ့မှောက် မြို့မိမြို့ဖများဖြစ်သည့်ဦးဝှေ့ပ၊ဦးစနီအောင်၊
ဦးပြည်ယိုးတို့ ပါဝင်လျက် ၁၉-၃-၂၀၁၄ ရက်နေ့မှ 
၂၁-၃-၂၀၁၄ ရက်နေ့ထိ ညှိနှိုင်းဖြေရှင်းကြရာတွင် ကိုယ်စားပြုဦးထန်းလောင်နှင့်ကိုယ်စားပြု ဦးကျော်ကျော်တို့ကအောက်ပါအချက်များကို လက်ခံလိုက်နာဆောင်ရွက်ကြရန် သဘောတူညီကြလျက်ပြေငြိမ်းကြောင်းနှစ်ဦးနှစ်
ဘက် သဘောတူ စာချုပ်ချုပ်ဆိုကြပါသည်။
(က)ဦးထန်းလောင်ပါအဖွဲ့နှင့်ဦးကျော်ကျော်၊ဦးထန်နွဲ့၊ဦးပြေမင်းပါအဖွဲ့တို့သည်ခေါင်စိုလူမျိုးနွယ်စု
များဖြစ်ကြကြောင်းလက်ခံသတ်မှတ်ပြောဆိုဆက်ဆံသွားကြရန် သဘောတူညီကြသည်။
(ခ)ဦးကျော်ကျော်ပါအဖွဲ့တို့၏ခေါင်စိုလူမျိုးကိုယ်
စားပြုခေါင်စိုစာပေဖေါ်ထုတ်ရေးနှင့်ဦးထန်းလောင်ပါအဖွဲ့တို့၏ခေါင်စိုလူမျိုးကိုယ်စားပြု အဆန်(ခေါင်စို)စာပေ‌ဖေါ်ထုတ်ရေးကိုဖေါ်ထုတ်
ဆောင်ရွက်ခွင့်အပြန်အလှန်အသိအမှတ်ပြု ဆောင်ရွက်ခွင့်ပြုကြရန် သဘောတူညီကြပါသည်။
(ဂ)နှစ်ဦးနှစ်ဖက်တို့မှာခေါင်စိုလူမျိုးနွယ်စုဖြစ်ကြ
သည့်အားလျော်စွာ လူမျိုးခွဲခြားပြောဆိုကြခြင်း၊
လွဲမှားစွာဆက်ဆံခြင်း၊လွဲမှားစွာသုံနှုန်းခြင်း၊လွဲမှားစွာပြုမူခြင်းကိုနောက်နောင်လုံးဝရှောင်ကြဉ်သွားကြမည်ဟု သဘောတူညီကြပါသည်။
(ဃ)အချင်းချင်းဖြစ်ပွါးကြသော(လူမျိုးခွဲခြားပြောဆိုခဲ့မှု၊ခေါင်စိုစာပေဖေါ်ထုတ်ရေးကိုဖြစ်စေ၊ အဆန်(ခေါင်စို)စာပေဖေါ်ထုတ်ရေးကိုဖြစ်စေ ဟန့်တားကန့်ကွက်ခဲ့မှု)ကိစ္စရပ်များအား ဤသဘောတူစာချုပ်ချုပ်ဆိုသည့်နေ့ရက်မှစ၍ တဘက်ဘက်မှတည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် တရားရုံးသို့ တရားစွဲဆိုခြင်း၊အုပ်ချုပ်ရေးအဖွဲ့သို့
တိုင်တန်းခြင်း တစုံတရာကိုမျှ နောက်ကြောင်းပြန် လုံးဝမပြုလုပ်ကြတော့ပါဟုသဘောတူညီကြပါ
သည်။
(င)တိုင်တန်းသူဦးထန်းလောင်မှတိုင်ကြားထားစာ
များကို တိုင်ကြားသည့်ကိစ္စရပ် လူမှုရေးအရ
ဖြေရှင်းပြေငြိမ်းကြပြီးဖြစ်၍ပြန်လည်ရုပ်သိမ်းပေးသွားရန် သဘောတူညီပါသည်။
(စ)ပြေငြိမ်းခြင်းအထိမ်းအမှတ်အဖြစ်ခေါင်စိုလူမျိုးထုံးတမ်းဓလေ့အရ ဦးထန်းလောင်နှင့် အဖွဲ့မှ 
ဦးကျော်ကျော်နှင့်အဖွဲ့သို့ မျက်နှာဖြေ
(ဝက်တစ်ကောင်နှင့်ငွေငါးသောင်းကျပ်) ပေးကမ်းမျက်နှာဖြေသွားကြရန်သဘောတူညီကြပါသည်။
(ဆ)အပိုဒ်၁(ပိုဒ်ခွဲ-က/ခ/ဂ/ဃ/င/စ)ပါ သဘောတူညီ
ချက်တစ်ချက်ချက်ကိုတဘက်ဘက်မှ ဖေါက်ဖျက်
ကျူးလွန်ခဲ့ပါကသဘောတူစာချုပ်ကိုဖေါက်ဖျက်
ခြင်းဟူ၍သတ်မှတ်ခံရမည်ဖြစ်ပြီးတည်ဆဲဥပဒေ
တစ်ရပ်ရပ်ဖြင့်တရားစွဲဆိုခြင်းကိုစာချုပ်ဖေါက်
ဖျက်သူမှ ခံယူရန် သဘောတူညီကြပါသည်။
၂။ဤနှစ်ဦးနှစ်ဘက်သဘောတူစာချုပ်ပါစကားရပ်များကိုသိရှိနားလည်ပြီးတစ်ဦးဦး၏တိုက်တွန်းခြင်း၊လှုံ့ဆော်ခြင်း၊ဖြားယောင်းသွေးဆောင်ခြင်း၊ခြိမ်း
ခြောက်ခြင်းမပါရှိဘဲသဘောရိုးဖြင့်သဘောဆန္ဒတူမျှကြလျက်အောက်ပါအသိသက်သေများရှေ့ စာချုပ်ချုပ်ဆိုလက်မှတ်ရေးထိုးကြခြင်းဖြစ်ပါ
သည်။
နှစ်ဘက်သဘောတူကိုယ်စားပြု လက်မှတ်ရေးထိုးသူများ
(ထန်းလောင်)။                             (ကျော်ကျော်)
၄/ပလဝ(နိုင်)၀၂၀၉၉၆        ၄/ပလဝ(နိုင်)၁၂၂၂၈၃
အသိသက်သေများ
၁။(ဝှေ့ပ)။           ၂။(စနေအောင်)။  ၃။(ပြည်ယိုး)
  မြို့မရပ်ကွက်။      ရိက္ခါရပ်ကွက်    မြို့မရပ်ကွက်
  ပလက်ဝမြို့။။       ပလက်ဝမြို့။။   ပလက်ဝမြို့။


Community Agreement on Khongso language 




Comments